26 C
Yangon

ဂန့်ဂေါမြို့အနီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသော ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့အနီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသော ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Black Dragon Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ဂန့်ဂေါမြို့အနီး တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသည့် ပျုစောထီး ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၊ ပျူစောထီး ဦးမှာ ခလရ ၅၀ တပ်ရငးမှ ဗိုလ်မုတ်ဆိတ် နောက်လိုက်များဖြစ်ပြီး ၁ လလျှင် ငွေကျပ် ၅ သိန်းဖြင့် လစာစား အလုပ်လုပ်နေသော ပျူစောထီးများဖြစ်ကြောင်း သိရှိရသည်။

“တော်လှန်ရေး ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာလို့ ဖမ်းဆီးခဲ့တာပါ။ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းမိတာပါ။ သတင်းထောက်လှမ်း လာတဲ့သဘောပါ။ တွေ့တာနဲ့ တန်းပြီးဖမ်းဆီး ခဲ့ရတာပါ။ သူတို့ကို ဆက်လက် စစ်ဆေးနေပါတယ်။ တစ်ဦးကတော့ ပျူစောထီးပါ။ ကျန်တစ်ဦးကတော့ စစ်ဆေးနေတုန်းပါ။ သူတို့ကို ခလရ ၅၀ တပ်ရင်းက ဗိုလ်မုတ်ဆိတ် နောက်လိုက် ပျူစောထီးတွေပါ။ တစ်လ ငွေကျပ် ၅ သိန်းရတယ်လို့ သိရတယ်။ သူတို့ကို တရားဥပေဒေအတိုင်း ဆက်လက်အရေးယူမှာပါ” ဟု Black Dragon Force မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုကို Black Dragon Force တပ်ဖွဲ့နှင့် ဒေသ ကျေးရွာပကဖ အဖွဲ့အစည်းများက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article