ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲကာလ ၂ လအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်အထိ အရာရှိ ၉ ဦးအပါအဝင် စစ်သား ၂၀၀ ခန့်သေဆုံးပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John Kim က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ၂ လအတွင်း ကလေးမြို့ – ဖလမ်းမြို့ လမ်းပိုင်းကို စိုးမိုးနိုင်ရေးအတွက် ဖလမ်းမြို့ဘက်သို့ ထိုးစစ်ဆင် ချီ တက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ချင်းလဲန်အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၂ ၊ စစ် ကြောင်း ၃ နှင့် စစ်ကြောင်း ၄ စစ်ကြောင်း ၃ ကြောင်းတို့မှ ဖလမ်းမြို့အနီး နေရာ ၃ ခုမှ တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ယနေ့အချိန် အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ ၉ ဦးအပါအတင် စစ်သား ၂၀၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းများလည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ၊ ဆက်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်တပ်၏ ဒရုန်းအချို့ကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
“ဖလမ်းမြို့ အနီးအနားက ဆုန်တောင်းရွာ ဖြစ်တယ်၊ ပြီးတော့ ခေါင်တည်းရွာနားမှာ တနေရာဖြစ် တယ်။ ဇောင်ခေါင်ဘက်မှာက တနေရာ ဖြစ်တယ်။ လက်ရှိတော့ ၃ နေရာမှာဖြစ်တယ်။ အဓိက က တော့ ကလေးမြို့ကနေ တက်လာတဲ့ စစ်တပ်နဲ့ ဝေဘူလကနေ တက်လာတဲ့ စစ်ကြောင်းတွေကို ဖ လမ်း မြို့နယ်၊ ၅ မိုင်နဲ့ ၈ မိုင်အကြားမှာ အဓိကတိုက်ခိုက်နေတာဖြစ်ပါတယ်။ စကစဘက်ကအရာရှိ အဆင့်အထိသေတာလည်းရှိသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာလည်းရှိပါတယ်။ ပြီး တော့ အသေခံ ဒရုန်းတွေပစ်ချနိုင်ခဲ့တယ်။ ဒရုန်းအကြီးတွေလည်း ပစ်ချနိုင်တာရှိတယ်အ ရာရှိ ၉ ဦးက ဗိုလ်မှူးအဆင့်အထိ ပါပါ တယ်။ အတိအကျမထုတ်ပြန်နိုင်သေးတဲ့ သုံ့ပန်းတွေလည်း ဖမ်းထား တာရှိပါတယ်။ တိုက်ပွဲတောက်လျှောက်မှာ ကျနော်တို့ဘက်က အသာစီးရနိုင်တဲ့အခြေအနေမျိုး တော့ရှိတယ်။ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်ဆဲဖြစ်ပါတယ်။” ဟု ချင်းပြည်အစိုးရ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John Kim က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၉ ရင်းမှ ထုတ် နုတ်စုဖွဲ့ထားသည့် စစ်ကြောင်းဖြစ်ပြီး အင်အားထောင်ချီ အသုံးပြုကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက် ခိုက်နေသည်မှာ ၄ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်က Fighter Jet နှင့် Y-12 တို့ဖြင့် အကြိမ် ၅၀ ကျော် ပျံသန်းကာ ဗုံးထောင်ချီကျဲခဲ့ကြောင်း၊ ထို့အပြင် စစ်တပ်ဘက်က အသေခံဒရုန်း အပါအဝင် ဒရုန်းများ ကို အဓိကအသုံးပြုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် မြေပြင်၊ ဝေဟင် သာလွန်အင်အားဖြင့် ဆက်တိုက်ထိုးစစ်ဆင်နေသော် လည်း အများအပြား ထိခိုက်သေဆုံးလျက်ရှိကာ စစ်ကူများလည်း ထပ်မံပို့ဆောင်နေကြောင်း ချင်း ပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိ ပေးထားသည်။






