26 C
Yangon

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့မရဲစခန်းမှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊မင်းကင်းမြို့နယ် စစ်စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ မရဲစခန်းမှ ထွက်လာသော စစ်သား ၂ ဦးကို တိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးခဲ့ကြာင်း 21 BAGAN – People Defense Force အဖွဲ့မှ ပြန်ကြားရေး ရဲဘော်ယက္ခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်ခန့်အချိန် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့မ ရဲစခန်းမှ စစ်သား ၂ ဦး ထွက်လာရာ ရဲစခန်းအ၀တွင်ပင် အဆိုပါ စစ်သား ၂ ဦးကို ပစ်ခတ်ခဲ့ကြောင်း၊ စစ်သား ၁ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

“ထိတာက ၂ ကောင်လုံး ။ ၁ ကောင်က နေရာတင်ပွဲ ချင်းပြီးသွားတယ်။ ၁ ကောင်ကတော့ လက်ရှိ ဆေးကု ဖို့သယ်သွားတယ်သိရတယ်။ အခု ကသူ့တို့ စခန်းအဝက နေ အပြင်ထွက် ဖို့ပြင်နေတာ ထွက်လာတာမျိုး စခန်းအဝင်လမ်းမှာ သံတံခါးကြီး ပိတ်ထားတာ။ ထွက်ချင်တဲ့အခါ မှ ဖွင့် ထွက် ကျတာမျိုး။ အဓိက ပြောချင်တာတော့ ပြည်သူတွေ အဖို့ပါပဲ။ စကစနဲ့ ကင်းရာမှာ နေပေးကျဖို့။ အခု ပစ်ခတ်မှုမှာလည်း ချောင်းနေတာ ကြာ​ပြီ ပြည်သူ အသွားအလာစိတ်လွန်းလို့ လှည့်ပြန်ခဲ့ရတဲ့ ရက်များခဲ့တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စကစ နဲ့ ဝေးဝေးမှာ နေစေချင်တာပါ”ဟု 21 BAGAN – People Defense Force အဖွဲ့မှ ပြန်ကြားရေး ရဲဘော်ယက္ခက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို 21 BAGAN – People Defense Force တပ်ဖွဲ့နှင့် ဒေါင်းရင်သွေးပြောက်ကျား တပ်ဖွဲ့ (DYT)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်နှင့် ပတ်သတ်ဆက်နွယ်မှုမပြုလုပ်ရန်၊ စစ်သားများ ရှိရာနေရာများကို ဝေးဝေးမှ ရှောင်ရန် 21 BAGAN – People Defense Force အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကံကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း Student’s Revolutionary Force မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်သူသူခိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်အချိန် မင်းကင်းမြို့နယ် ကံကျေးရွာအတွင်း အကြမ်း ဖက် စစ်တပ်၏ အထိုင်ချစခန်းမှ ပျဥ်းပင်မှော်ကျေးရွာသို့ စစ်ကြောင်းထိုးရန် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့၏ နယ်မြေပတ်ကင်းအဖွဲ့နှင့် တွေ့၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန်တွင်လည်း ကံကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ဘန်ကာများကို ကျောင်းသားတော်လှန်ရေးတပ်တော်က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ထို့ပြင် ယင်းနေ့ ညနေ ၅ နာရီခန့်အချိန်တွင်လည်း ကံကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲဖြစ်ပွားချိန်မှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

” စစ်ခွေး သေစာရင်းက မသိရသေးပါဘူး။ စစ်ခွေး အင်အားက ၃၀ ခန့်ပါ။ အထိအခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အတိအကျမသိရသေးတော့ ခန့်မှန်းလို့မရသေးပါဘူး။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ စစ်ခွေးဘက်က ထိခိုက်ပျက်စီးတာမျိုး ဘန်ကာပေါ် ဗုံးတည့်တည့် ကျသွားတဲ့တွက် ဘန်ကာပျက်စီးနိုင်ပါတယ်။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက ကံရွာ အထိုင်စခန်းကို ပြန်ဆုတ်သွားတယ်” ဟု Student’s Revolutionary Force မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်သူသူခိုင်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က အင်အားတိုး ချထားသောကြောင့် ပြည်သူလူထုများအနေဖြင့် အထူးသတိပြု ဂရုစိုက်နေထိုင်ကြပါရန် Student’s Revolutionary Force က အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article