By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာ့အရေးကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဆက်လက်ကိုင်တွယ်မှာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူးလို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက အတိအလင်း ထပ်မံပြောဆိုလာပါတယ်။
အကြမ်းဖက် စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းကို သူထောက်ခံတဲ့ စစ်တပ်ကပဲ အီလက်ထရော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်အထိဖြစ်လာတယ်လို့ ဇော်ဘုန်းဟိန်းကို ထောက်ခံတဲ့ မဘသအသိုင်းအ၀ိုင်းက ရန်ကုန် ခေတ်သစ်ဆီ ဆက်သွယ်ပြောဆိုလာပါတယ်။
မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်က မြဝတီကျေးရွာမှာ အကြမ်းဖက် စစ်တပ်က လက်ရှိ စစ်တပ် လက်အောက်ခံအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရဲတပ်သားတစ်ဦးရဲ့ မိခင်ကိုပါ မုဒိမ်းကျင့်ပြီး အခြားပြည်သူတွေနဲ့အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အီရန်အရေးကို ပိုမိုတင်းကျပ်ဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့ အမေရိကန်သမ္မတထရန့်တို့ ဝါရှင်တန်မှာ ဆွေးနွေးဖို့ ရှိနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




