35 C
Yangon

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် တိုင်းရင်းသားအားလုံး လက်တွဲကာ အာဏာရှင်စနစ်၏ ဒေါက်တိုင်အားလုံးကို ဖြိုချဖျက်ဆီးရမည်ဟု KNU ဥက္ကဋ္ဌ ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် တိုင်းရင်းသားလူမျိုးအားလုံးအတူတကွ လက်တွဲကာ အာဏာရှင်စနစ်၏ ဒေါက်တိုင်အားလုံးကို ဖြိုချဖျက်ဆီးရမည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော ၇၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့တွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လူမျိုးကြီးဝါဒ ဆွဲကိုင်ထားသည့် စစ်အုပ်စုသည် ဤနိုင်ငံကို လူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ်ဖြင့် ရာ သက်ပန်အုပ် ချုပ်နိုင်ရန်အတွက် ၎င်းတို့ စီစဉ်ထားသည့်အတိုင်း ပြည်လုံး ကျွတ်ရွေးကောက်ပွဲကို ကျင်းပကာ မသမာ သောနည်း လမ်းဖြင့် အနိုင်ယူခဲ့ပြီး ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားအားလုံး ရေရှည်တည်တံ့ရေး၊ ဖွံ့ ဖြိုး တိုး တက်နိုင်ရန်နှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်အတွက် တိုင်းရင်းသားလူမျိုးများအားလုံးအတူတကွ လက် တွဲကာ အာဏာရှင်စနစ်၏ ဒေါက်တိုင်အားလုံးကို ဖြိုချဖျက်စီးရမည်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းသည် ကရင်အမျိုးသားများနှင့် တိုင်းရင်းသားလူမျိုးများအားလုံး၏ လိုလားချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မည့် ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ထပ်မံ ပြောဆိုခဲ့သည်။

ကရင်အမျိုးသားများ၏ လိုလားတောင့်တချက်များ ပြည့်မီရန်အတွက် ကရင်အမျိုးသားများအားလုံး၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၊ ကရင်နိုင်ငံရေးပါတီများအားလုံး နှင့် ကရင်အဖွဲ့အစည်းများအား လုံး စည်းလုံးညီညွတ်စွာဖြင့် ကျရာကဏ္ဍအသီးသီးတွင် တတ်စွမ်းသည့် အပိုင်းကို ဝိုင်းဝန်းလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေအပေါ်မူတည်၍ အမျိုးသားလိုလား တောင့်တချက်များတို့ကို ပြည့်မီရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖြစ်ကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး၏ ဦးဆောင်မှုအောက်တွင် ကရင်တမျိုးသားလုံး၏ လိုလားတောင့်တချက်များ ရရှိရန်အတွက် ကရင်အမျိုးသားများသည် အသက်၊ ခန္ဓာ၊ သွေး၊ ချွေး နှင့် အိုးအိမ်စည်းစိမ်များတို့ကို အများအ ပြား စွန့်လွှတ်ပေးဆပ်ခဲ့ရကြောင်း၊ လက်ရှိချိန်ထိ လိုလားတောင့်တချက်များကို တရားဝင် မရရှိသေးဘဲ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကရင်အမျိုးသားများ စည်းလုံးညီညွတ်စွာ ဆန္ဒထုတ်ဖော် ထားသည့်အတိုင်း ယနေ့ခေတ်ကရင်အမျိုးသားများအနေဖြင့် ဆွဲကိုင်ကာ လက်ဆင့်ကမ်း၍ အနာဂတ်တွင် အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

ကရင်လူမျိုး တိုးတက်ကြီးပွားစေရန်အတွက် နိုင်ငံထဲတွင် “လွတ်လပ်မှု၊ တန်းတူရေး၊ ကိုယ် ပိုင်ပြဌာန်းခွင့်” စသည့်အခွင့်အရေးများတို့ ရှိရမည်ဖြစ်ပြီး ထိုအခွင့်အရေးများသည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထဲတွင် ပြဌာန်းထားရမည်ဖြစ်ကြောင်း၊ ကရင်အမျိုးသားသမိုင်းတစ်လျှောက် နှင့် ယခုလက်ရှိ အခြေ အနေတို့ကို ပြန်ကြည့်လျှင် လူမျိုး၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့် တောင့်တင်းခိုင်မာစွာရပ်တည်နိုင်ရေးတို့ကို နှောက်ယှက် ဖျက်စီးသည့်စနစ်သည် “မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင်စနစ်” ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောဆိုခဲ့သည်။

ကရင်အမျိုးသားလိုလားတောင့်တချက်တို့ကို ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်အတိုင်း ခိုင်မာသော စိတ်ဓာတ်ဖြင့် စိတ်အားထန်သန်စွာလုပ်ဆောင်ကာ အောင်ပွဲရရှိရန် အတွက် ကရင်အမျိုး သားများ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကာ၊ အမျိုးသားလက္ခဏာများတို့ကို ကိုင်ဆွဲ၍ အမျိုးသားရည်မှန်း ချက်ပန်းတိုင်ပြည့်မီရန် လုပ်ဆောင်ရမည်ဖြစ်ပြီး အမျိုးသားရည်မှန်းချက်ပန်းတိုင် ပြည့်မီ ရန်အတွက် ကျရာကဏ္ဍတွင် ယုံကြည်ချက်အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မိန့်ခွန်း နိဂုံးချုပ်တွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article