26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– ကြံ့ဖွတ်ပါတီအတွင်း သမ္မတအဖြစ် ဘယ်သူကို တင်မြှောက်ပြီး အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာကို ကြံ့ဖွတ်ပါတီက အမတ်တွေကိုယ်တိုင် သိခွင့်မရဘဲဖြစ်နေပြီး အချိန်တန်ရင် အသိပေးမယ်ဆိုပြီး ပါတီဥက္ကဋ္ဌ ခင်ရီက ပြောဆိုနေတယ်လို့ ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေနှင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– မကွေးဖက်ဒရယ်ယူနစ်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်‌ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ကို ပြည်သူ့တွေနဲ့အတူ လက်တွဲကာ အကြမ်းဖက်စစ်အုပ်စုကြောင့် ထိခိုက်ဆုံးရှုံးသွားခဲ့ရတဲ့ လူထု အတွက် တရားမျှတမှုနဲ့ ပြန်လည်ကုစားခြင်းဆိုင်ရာ လုပ်ငန်းတွေကို ပြည်သူ့ကိုယ်စားပြု ဦးစားပေး ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ မိုင်ပေါင်း ၂,၃၀၀ ကျော် လမ်းလျှောက် ကြတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ခရီးစဉ်ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ၁၀၈ ရက်မြောက်ကို ရောက်ရှိပြီး ခရီးစဉ်ရဲ့ နောက်ဆုံး အဆုံးသတ် နေရာဖြစ်တဲ့ မြို့တော်ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article