35 C
Yangon

ပေါက်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရိက္ခာများ လိုက်လံ ခိုးယူနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ၊ ချက်ကန်ရွာကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု လူငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရိက္ခာများ လိုက်လံ ခိုးယူနေ၍ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ ၂၄ စက်ရုံမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ချိုကုန်းပျူစောထီးရွာကို ရောက်ရှိလာပြီး သစ်ချိုကုန်းပျူစောထီးရွာမှတဆင့် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် စားနပ်ရိက္ခာများကို လိုက်လံ ခိုးယူနေ၍ ပေါက်မြို့နယ် ဇုန်-၁ နှင့် ဇုန် – ၃ နယ်မြေတို့ရှိ ကျေးရွာ ၁၁ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် နီးစပ်ရာကျေးရွာများနှင့် တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေကတော့ အခုထိ စစ်ရှောင်နေရတုန်းပဲ စစ်ခွေးတွေက ရွာတိုင်းကို ဝင်ရောက်စီးနင်းပြီး စားနပ် ရိက္ခာပစ္စည်းတွေကို လိုက်လံ ခိုးယူနေတာ စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ဦးသေဆုံးခဲ့ကြောင်း၊ သို့သော် ကျေးရွာနေပြည်သူများသည် စစ်ကြောင်း ထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် လက်ရှိချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၆ နှစ်နှင့် ၁၉ နှစ်အရွယ် လူငယ် ၃ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် မကွေး လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၃ စီးသည် ပေါက်မြို့နယ် ချက်ကန်ရွာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၄၇ နှစ်အရွယ် ဒေါ်ရွှေဝင်း၊ အသက် ၅၄ နှစ်အရွယ် မချိုကြီး၊ အသက် ၁၉ နှစ်အရွယ် ကိုမိုးကျော်၊ အသက် ၁၉ နှစ်အရွယ် တင်မိုးခိုင်နှင့် အသက် ၁၆ နှစ်အရွယ် တင်မိုးလှိုင် တို့သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၃၇ နှစ်အရွယ် မမာခင်၊ အသက် ၇၂ နှစ်အရွယ် ဒေါ်အုန်းငွေ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်သန်းခင်နှင့် အမည်မသိ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က စစ်ခွေးတွေ လာရောက်ဗုံးကျဲတဲ့ အချိန်မှာ ပျောက်ဆုံးနေသူတွေလည်းရှိတော့ ရှင်းလင်းရေးလည်း မလုပ်နိုင်လို့ ပြည်သူ ၁၀ ဦး သေဆုံးတယ်လို့ သတင်းထွက်လာတာဖို့ ရှင်းလင်းရေး ပြန်လုပ်နိုင်ချိန်မှာတော့ သေဆုံးသူ ၅ ဦးပဲရှိတယ်။ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာကလည်း ၄ ဦးရှိတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article