ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ထောင်ထားသော မိုင်းနင်းမိမှုနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်၊ ရွှေမြန်မာဆီ ဆိုင်လမ်းကြားတွင် လင်မယားနှစ်ဦး စစ်တပ်က ထောင်ထားသော နင်းမိုင်းနင်းမိကာ အမျိုးသားဖြစ် သူမှာ ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ ကုသထားရကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း ဖားကန့်မြို့၊ ဆန်းကြွယ်ကျေးရွာ ဘုရားကုန်း၌ အထိုင်ချထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ရာ ဆန်းကြွယ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အဝတ်လျှော်နေသည့် အမျိုးသမီးတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိကာ ဖားကန့်ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။
“မနက် မရှီကထောင်မှာ မိုင်းထိတာက အဲဒါက စကစ ထောင်တဲ့မိုင်း ဟုတ်တယ်လို့ သိရတယ်။ ဘာ လို့ ဆိုရင် စကစတွေလှုပ်ရှားပြီးတော့ လမ်းကြိုလမ်းကြားတွေမှာ ကြိုးမိုင်းတွေထောင်တယ်ဆိုတဲ့ သတင်းတွေ ဖားကန့်မှာ ပျံ့နေတယ်။ မရှီကထောင်လမ်းကြား ထုံးဘိုဘက်ကိုချိုးတဲ့လမ်းမှာ ဇနီး မောင်နှံနှစ်ယောက် မိုင်းထိတာ၊ အမျိုးသားက ပွဲချင်းပြီးဆုံးတယ်၊ အမျိုးသမီးကတော့ ဆေးရုံရောက် တယ်။ နောက်တစ်ခုက ဆန်းကြွယ် ကျေးရွာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီက သူတို့စစ် ရေးလှုပ်ရှားကြတော့ PDF တွေရှိမယ်ထင်တဲ့ ရွာထဲကို လှမ်းထုတာ၊ PDF တွေက မထိဘူး။ ရွာထဲက အဝတ်လျှော်နေတဲ့ အမျိုးသမီး ထိသွားတာ၊ အဲဒီတစ်ယောက်ကလည်း ဒဏ်ရာရသွားတာပေါ့။ ဒဏ်ရာရတာတွေတော့ ဆေးရုံပို့ထားပြီလို့ သိရတယ်။ သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဒဏ် ရာရတဲ့သူတွေရဲ့ အချက်အလက်ကတော့ မသိရသေးဘူး။ စစ်ရေးကလည်း လက်ရှိ ပြင်းထန်နေတုန်း ပဲ။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖားကန့်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက် အထိနာနေသောကြောင့် ရှေ့ ဆက်တိုးနိုင်ခြင်းမရှိသည့်အပြင် ဖားကန့်မြို့အနီးအထိ ပြန်လည်ဆုတ်နေရကြောင်း၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်ပြီး ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်ရှိ ဆုတောင်းကုန်းတွင် ရောက်ရှိ နေသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၁ တပ်ရင်းနှင့် KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာသောကြောင့် လူနေရပ်ကွက်များကို လက်နက်ကြီး၊ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။




