28 C
Yangon

ကလောမြို့နယ်၊ ရေယားကျေးရွာတွင် လူသတ်မှု ဖြစ်ပွားသော်လည်း သတ်ဖြတ်သူများကို ရဲက အရေးမယူ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေယားကျေးရွာအနီးရှိ လိမ္မော်ခြံတွင် ကိုဟန်မင်းညွန့် (ခ) သားကြီးဆိုသူကို အုပ်စုဖွဲ့၍ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး သတဖြတ်ခဲ့သူများကို ရဲက ဖမ်းဆီး အရေးယူခြင်းမရှိကြောင်း ကလောမြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီခန့်အချိန် ကလောမြို့၊ အမှတ် ၆ ရပ်ကွက်တွင်နေထိုင်သူ ကိုဟန်မင်း ညွန့် (ခ)ကိုသာကြီးကို ကလောမြို့အတွင်း အုပ်စုဖွဲ့ ခိုးဆိုးလုနှိုက်မှုကျူးလွန်နေသူများက ဖမ်း ဆီး သွားပြီး ကလောမြို့နယ်၊ ရေယားကျေးရွာအနီးရှိ လိမ္မော်ခြံတစ်ခုအတွင်းခေါ်ဆောင်သွားကာ ညှင်း ပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ကိုဟန်မင်းညွန့် (ခ) ကိုသားကြီးတွင် လည်ပင်းထိုးသွင်းဒဏ်ရာ၊ လက် သန်းကြွယ်၊ လက်သန်းဖြတ်တောက်ဒဏ်ရာ၊ တံတောင်ဆစ် ဓားခုတ်ဒဏ်ရာ၊ ဖြေဖမိုး ဓားခုတ် ဒဏ် ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးရုပ်အလောင်းများကို မိသားစုဝင်များက‌ နေအိမ်သို့ သယ်ဆောင်ပြီး ဖေဖော်ဝါရီလ ၉ ရက် ညနေ ၄ နာရီတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ကိုဟန်မင်းညွန့် (ခ)ကိုသားကြီး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ကလောမြို့မရဲစခန်းကို တိုင်ကြားခဲ့ သော်လည်း သတ်ဖြတ်သူများမှာ အုပ်စုဖွဲ့ကာ ရာဇဝတ်မှုများကို ဂိုဏ်းပုံစံဖြင့် ကျူးလွန်နေသူများဖြစ်ကြောင်း၊ အဆိုပါကျူးလွန်သူများက စစ်တပ်၊ ရဲများနှင့်ပူးပေါင်းကာ ငွေရှာနေကြသူများဖြစ်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူပေးခြင်းမရှိကြောင်း သိရ သည်။

“သတ်ခံရတာက ကလောမြို့နဲ့ မဝေးတဲ့ လိမ္မော်ခြံထဲမှာ။ သတ်တာမှ မသေမချင်း ညှင်းပန်းနှိပ်စက် ပြီးသတ်တာပါ။ အဓိက သတ်တဲ့သူကိုလည်း သိတယ်။ သူတို့က ကလောမှာ ဆိုင်ကယ်ခိုးလိုက်၊ အိမ် ဖောက်လိုက်နဲ့ အုပ်စုဖွဲ့လုပ်စားနေကြတဲ့သူတွေ။ အချုပ်ထဲဝင်လိုက်၊ ပြန်ထွက်လိုက်နဲ့ ရဲတွေ၊ စစ် သားတွေနဲ့‌ ပေါင်းစားနေကြတဲ့သူတွေပါ။ အခုထိလည်းအဲဒီလူတွေကို မဖမ်းသေးဘူး။ သိသိကြီးနဲ့ ရဲနဲ့ စစ်သားတွေက အရေးမယူဘဲ ဒီအတိုင်းနေနေတာ” ဟု ကလောမြို့နေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ကလောမြို့သည် စစ်တပ်အခြေစိုက် မြို့တစ်မြို့ဖြစ်သော်လည်း စစ်တပ်နှင့်ရဲများက လိုင်းကြေး၊ ဆက်ကြေးယူ၍ ခွင့်ပြုမှုများကြောင့် မူးယစ်ဆေးဝါးရောင်းချသူများ၊ မူးယစ် ဆေးဝါး သုံးစွဲသည့်လူငယ်များ လည်းများပြားလာကာ မကြာခဏ အိမ်ဖောက်ထွင်းခံရမှု၊ ဆိုင်ကယ် ခိုးခံရမှုများလည်းဖြစ်ပေါ်နေကြောင်း သိရသည်။

ဓာတ်ပုံ -ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံရသူ ကိုဟန်မင်းညွန့် (ခ) ကိုသားကြီး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article