By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်မှာ ‘KK Park 2.0’ ကျားဖြန့်ဝင်းအသစ် ထပ်မံပေါ်ပေါက်နေပြီး အရင်လို တစ်စုတစ်စည်းတည်း မဟုတ်တော့ဘဲ ကျားဖြန့်ဝင်းတစ်ခုချင်းစီအလိုက် ပုံစံသစ်နဲ့ ပေါ်ထွန်းနေတယ်လို့ မလေးရှားနိုင်ငံက ထုတ်ဖော်လိုက်ပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ က ဒုတိယ ဗိုလ်သန့်ဇင်အောင် ဆိုသူဟာ ကျောင်းဆင်းပြီး ၂ လ အကြာမှာပဲ ၀ိုင်းမော် တိုက်ပွဲမှာ KIA၊ PDF လက်ချက်နဲ့တင် တခါတည်း သေသွားပြီလို့ ကာယကံရှင်မိဘတွေရဲ့ လူမှုကွန်ရက်မှာ ဖော်ပြချက်နဲ့ စစ်တပ်အသိုင်းအ၀ိုင်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ မဟာမိတ်ခေါင်းဆောင်တွေ ၊ တော်လှန်ရေးအစုအဖွဲ့တွေ အားလုံး နဲ့ တွေ့ဆုံဆွေးနွေးရေး ခပ်စိတ်စိတ် လုပ်ဆောင်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဒီကနေ့မှာပဲ အသိပေး ပြောကြားလိုက်ပါတယ်။
-ဘင်္ဂလားဒေ့ရှ်နိုင်မှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဖြုတ်ချခံရပြီးတဲ့နောက် ပထမဆုံးအကြိမ် ရွေးကောက် ပွဲ ကျင်းပနေပါတယ်။ ဒါကတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဖြုတ်ချခံရပြီးတဲ့နောက် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပနေပြီး မဲရုံတွေကို စတင်ဖွင့်လှစ်လိုက်ပြီလို့ နိုင်ငံအတွင်း သတင်းတွေမှာ ဖော်ပြနေကြတဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




