By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ တယ်လို့ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့မယ်ဆိုရင် အဲ့ဒီအမှုနဲ့ ဆက်စပ်ပြီး ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC အပါအဝင် အခြား နိုင်ငံတကာ တရားရုံးတွေမှာ ဆက်လက်အရေးယူနိုင်မယ့်လမ်းကြောင်းတွေ ပွင့်လာမယ်လို့ OWP (The Organization for World Peace) က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ သုံးသပ်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် အတုအပပြုလုပ်တာတွေ၊ မဟုတ်မမှန်လိမ်လည်အသုံးပြုတာတွေကို အရေးယူနိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်မူကြမ်းကို စစ်တပ်က ရေးဆွဲနေကြောင်း တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုအတွင်းက နောင်တောင်းနဲ့ ညောင်ဗက် ကျေးရွာတွေမှာ ဒေသခံပြည်သူတွေပိုင်ဆိုင်ထားတဲ့မြေယာတွေကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ မြေပွဲစားတွေ ပူးပေါင်းပြီး သိမ်းယူနေကာ ရွာသားတွေကိုပါ အိမ်တွေဖျက်ပြီး နှင်ထုတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
-မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏သမီးဖြစ်သူကို ဆက်ခံသူအဖြစ် လျာထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးက ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




