26 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်ခဲကျေးရွာ အရှေ့ဘက်ရှိတောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်စခန်းကို ဖယ်ခုံ PDF တပ်ရင်း ၂ က ဇူလိုင်လ ၁၃ ရက် နေ့လယ် ၁၂ နာရီမှာ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဘက်က အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ် ပြန်ပါတယ်။

– စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ထောက်ကြံ့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား  ဇူလိုင်လ ၁၃ ရက်က တိုက်ပွဲတွေပြင်းထန်ခဲ့သလို အကြမ်းဖက်စစ်တပ်ဘက်က အများအပြား သေဆုံးထိခိုက်နိုင်တယ်လို့ Vakok CNDF ဆီက သိရပါတယ်။

– ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့  ချင်းပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့တဲ့အပြင် ဒဏ်ရာရစစ်သားတွေကို စစ်ကောင်စီက ပြန်လည်သတ်ဖြတ်ပြီး ကျေးရွာတွေအတွင်း စွန့်ပစ်ခဲ့တယ်လို့ CDF မတူပီ ဆီက သိရပါတယ်။

– စစ်ကိုင်းတိုင်းအတွင်း သက်ဆိုင်ရာခရိုင်တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအားလုံး နှုတ်ထွက် ကြဖို့ ညွှန်ကြားချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက သက်ဆိုင်ရာ ခရိုင်အလိုက် ကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်း အပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article