29 C
Yangon

အောင်လံမြို့နယ်တွင် စစ်တပ်သံပြားကာ ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု ကပစ ၈ မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၁၃

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ သံပြားကာ ကား ၁ စီး ကို ကြားဖြတ်တိုက်ခိုက်ရာ ကပစ ၈ မှ ဗိုလ်မှူးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အောင်လံမြို့နယ် ရွှေရတုခန်းမမှ ထွက်လာသော အကြမ်းဖက် စစ်တပ် အင်အား ၃ဝ ဝန်းကျင်ခန့်လိုက်ပါလာသည့် သံပြားကာကား ၁ စီးကို မိုးကောင်းကျေးရွာ နှင့်တောင်ဗွေကျေးရွာ အကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ ကပစ ၈ မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

” ကပစ ၈ က ဗိုလ်မှူး ၁ ဦး အပါအဝင် ၃ ဦးက နေရာတွင် သေဆုံးခဲ့တယ်။ အရေအတွက်ကတော့မတိုးပါဘူး။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေကိုတော့ မသိမ်းနိုင်ဘူး ပြည်လမ်းမကြီးပေါ်မှာဆိုတော့ ချက်ချင်းပြန်ဆုတ်ရတာမျိုးဖြစ်တဲ့အတွက်ကြောင့်ပါ။ ပြည်လမ်းမကြီးပေါ်ဖြတ်သွားတဲ့ကား‌ကို တိုက်ခိုက်ရတာမျိုးပါ။ အချိန်တိုင်းနေရာတိုင်းမှာ စစ်ခွေးတွေကို သတ်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေအမြဲရှိနေတယ်ဆိုတာ သိစေချင်တာပါပဲ”ဟု ၉၀၂ တပ်ရင်း ၊ တပ်ခွဲ – ၃ ၊ တောင်တွင်းကြီးတပ်ခွဲ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ (၁၇) အမှတ်(၉ဝ၂)တပ်ရင်း ၊ အမှတ်(၈ဝ၄)တပ်ရင်းနှင့် အောင်လံ ပ.က.ဖ ၊ သရက်ခရိုင်အမှတ်(၁) တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article