25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံက Air KBZ နဲ့ KT Group ကို လွှဲပြောင်းပေးခဲ့တဲ့ ATR ခရီးသည်တင်လေယာဉ်တွေကို မြန်မာစစ်တပ်က စစ်ဆင်ရေးတွေမှာ အသုံးပြုခဲ့ပြီး လေယာဉ်ငှားရမ်းပေးခဲ့တဲ့ Nordic Aviation Capital (NAC) က လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒိန်းမတ်နိုင်ငံဘက်က အတည်ပြုလိုက်တယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့ဘက်ကို အင်အား ၁၀၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကို AIF Myanmar ရဲ့ အမျိုးသမီးဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းတွေ သုံးပြီး အကြိမ်ကြိမ်လိုက်လံတိုက်ခိုက် ခဲ့တယ်လို့ AIF Myanmar ဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

မကွေးတိုင်း အောင်လံမြို့နယ်မှာ စစ်တပ်ရဲ့ သံပြားကာကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ကပစ ၈ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ ၉၀၂ တပ်ရင်း၊ တပ်ခွဲ–၃၊ တောင်တွင်းကြီးတပ်ခွဲ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ရဲ့ ဘူမ်ဂျိုင်ထိုင်းပါတီက ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက်၊ အခုအခါ သက်ဆင်ကျောထောက်နောက်ခံပြုထားတဲ့ ဖြူးထိုင်းပါတီနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့ဖို့ သဘောတူညီချက်ရရှိသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article