30 C
Yangon

ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ စစ်တပ် ကာကင်းစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ကာကင်းစခန်းကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Black Dragon Force မှ တပ်ဖွဲ့ခေါင်းဆောင် ကိုငြိမ်းသော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ စစ်သားများ အထိုင်ချ တပ်စွဲထားသော ရှောက်ပင်ကျေးရွာရှိ ကာကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ် တပ်ဘက်မှ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တိုက် ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲ့ဒီ ကာကင်းစခန်းမှာက ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းက စစ်ခွေးတွေ အင်အားက ၆၀ လောက် တပ် စွဲထားတာ။ ကျနော်တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေနဲ့ ရော့ကတ်တွေက စခန်းတွင်းကို ကျရောက်ပေါက်ကွဲလို့ စစ်ခွေး ၂ ကောင် ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာလည်းများတယ်။ ရော့ကတ်နဲ့ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ၂ ကောင်ကတော့ ပွဲချင်းပြီးသေဆုံးတယ်” ဟု Black Dragon Force တပ်ဖွဲ့ခေါင်းဆောင် ကိုငြိမ်းသော်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Unity Rocket Organization (URO) မှ ဦးဆောင်ခဲ့ပြီး Black Dragon Force (BDF) အထူးလှုပ်ရှားတပ်များ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ အနေ ဖြင့် အကြမ်းဖက် စစ်ကောင်စီ ၏ အနီးပတ်ဝန်းကျင် နေရာများကို ရှောင်ရှားကြရန် Black Dragon Force အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ အဖွဲ့ဝင်တချို့ သေဆုံးမှု အသုဘချမြင်ကွင်း။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article