26 C
Yangon

ယင်းမာပင်၊ ဝင်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်၊ပြည်သူ ၃ ဦးသေ ဆုံးခဲ့သော ခင်ဦးမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူတချို့ အသက်အန္တရာယ်စိုးရိမ်ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဝင်းကုန်းကျေးရွာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်း ညပိုင်းတို့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တက်လာသော ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာတို့ဖြင့် ယင်းမာပင်မြို့နယ် ဝင်းကုန်းကျေးရွာ အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

“မနေ့က ကျသွားတာက ယင်းမာပင်မြို့နယ်ထဲမှာရှိတဲ့ ဝင်းကုန်းကျေးရွာကို ကျသွားတာ၊ ဝင်းကုန်း ရွာအပြင်ကို ချသွားတာ။ အထိအခိုက်တော့ မရှိပါဘူး ။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းကုန်းကျေးရွာကိုလာ လာပစ်သွားတာ၊ ရွာအပြင်မှာဆိုတော့ အိမ်တွေဘာတွေ ပျက်စီးတာ လောလောဆယ်မရှိသေးဘူး။ မနေ့ညက ထပ်ပစ်သွားသေးတယ်။ နံနက်ပိုင်းနှင့် ညပိုင်း တို့ ပစ်ခတ်တိုက်ခိုက်တာ စုစုပေါင်း ဗုံး ၆လုံးနဲ့ ကျဲချသွားတာပါ”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ မိုး‌ကောင်းရွာအနီး တောတဲများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီး၊ Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးသွားပြီး ဒဏ်ရာရရှိသူတချို့မှာလည်း အသက်အန္တရာယ်စိုးရိမ်ရကြောင်း ခင်ဦးမြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည် ။

ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ်အချိန် ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် တိုင်တိုင်လာရောက် ကျဲချခဲ့ကြောင်း၊ အဆိုပါစာသင်ကျောင်းမှာ ယာယီဆေးကုသခန်းအဖြစ် နေမကောင်းသည့်လူနာများနှင့် ဆေးဝါးကုသမှုအနီးကပ်လိုအပ်နေသော လူနာများကို ဆေးကုသပေးနေသည့် နေရာဖြစ်ကြောင်း၊ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လူနာ ၃ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

“လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၅ ဦးလောက်မှာ အသက်အန္တရာယ်စိုးရိမ်ရသူတချို့ရှိတယ်။ မနေ့ညကဆိုရင် လေကြောင်းတိုက်ခိုက်မှုမှာ ၂ ဦး သေတယ်။ ပြီးတော့မှ ဒဏ်ရာရသူထဲက နောက်တိုး ၁ ဦး ထပ်ဆုံးတာ ” ဟု ခင်ဦးမြို့အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ စုဝေးခိုလှုံ‌နေသော ကုန်းကြီးကျေးရွာ စာသင်ကျာင်းနှင့် အနီးကပ်လျှက်ရှိ ဆီခြံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ Star linkဆိုင်၊ ထမင်း/စားဖွယ်စုံနှင့် ဆိုင်ခန်းများ၊ အကြမ်းဖက် စစ်တပ် (စကမ) ဘက်မှ လမ်းကြောပိတ်ဆို့မှုကြောင့် ရပ်နားထားသော ခရီးသွား ကုန်စည်ကား၊ ဆီသယ်ကားများနှင့် ဆီဘောက်ဆာ ကားတို့ ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ (၉)ဦးခန့် သေဆုံးကာ ၁၀ ဦးအထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဓာတ်ပုံ- 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article