36 C
Yangon

ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲမှု အဖေနှင့်သမီးဖြစ်သူတို့ သေဆုံး ၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာစဥ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ရာ သားအဖ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ရွှေဘိုလေ့ကျင့်ရေး ၈ ​မှ အသေခံဒရုန်းများသည် ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၅၀ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူတို့ပွဲချင်းပြီး သေဆုံးကာ ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အကြမ်းဖက် စစ်ခွေးတွေက ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ အသေခံဒရုန်းနဲ့ ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာကို လေကြောင်း တိုက်ခိုက်တာပါ။ အဲတာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၃ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မိတ္ထီလာလေတပ်မှ တက်လာသာ စက်တပ်လေထီးများက တောင်သာမြို့နယ် အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်း ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ တောတောင်များအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် တောင်သာမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားသော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ စစ်ခွေးဗုံးကျဲတာက တောတောင်ထဲကို ကျရောက်ပေါက်ကွဲတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article