27 C
Yangon

ပင်လည်ဘူး၊ လိပ္ပုတ်ကျေးရွာကို စစ်တပ်က ညသန်းခေါင်ယံ လေကြောင်းမှ ဗုံးကျဲမှု ကလေးများ အပါအဝင် ၉ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ လိပ္ပုတ်ကျေးရွာကို စစ်တပ်က ယမန်နေ့ညသန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ကနဦးရရှိထားသော စာရင်းများအရ အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၁၀ ဦးခန့် စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိထားကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် ပင်လည်ဘူးမြို့နယ်၊ ကညင်ကုန်း ၂ အုပ်စုအတွင်းရှိ လိပ္ပုတ်ကျေးရွာ လူနေအိမ်များပေါ်သို့ တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာ (Jet Fighter) ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား​ ပြည်သူ ၉ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ရွာထဲက လူနေအိမ်တွေပေါ်ကို ဗုံးတည့်တည့် ပစ်ချသွားတာ။ အိပ်ပျော်နေတဲ့အချိန်ဆိုတော့ ဘယ်သူမှ မရှောင်နိုင်ကြဘူး။ အခုထိ ကြားရသလောက်တော့ ၉ ယောက် သေဆုံးသွားပြီ။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေ ရှိနေတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်

စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်း လူနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့ရကြောင်း၊စစ်တပ်က ပင်လည်ဘူးမြို့နယ်အတွင်း အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article