26 C
Yangon

အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၈ လုံး မီးလောင်ပြာကျ၊ ကျေးရွာ ၃ ခုမှ ပြည်သူ ၁၀၀၀ ဝန်းကျင် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မတ် ၂

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ ဒါးစမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးများဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၈ လုံး မီးလောင်ပြာကျကာ ကျေးရွာ ၃ ရွာမှ ထောင်နှင့်ချီသော ပြည်သူ ၁၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်နှင့် မွန်းလွဲပိုင်းတို့တွင် အောင်လံမြို့နယ်၊ ကျော်စွာကျေးရွာအနီး မှန်ပြတောင်ဘုရားပေါ်တွင တပ်စွဲထားသော စစ်တပ်က ဒါးစမ်းကျေးရွာဘက်သို့ လက် နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဒရုန်းများဖြင့် ကင်း ထောက် ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒါးစမ်းကျေးရွာအတွင်း ကျည် ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များ အပါအဝင် နေအိမ် ၂၈ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဒါးစမ်းကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၃ ခုမှ ပြည်သူ ၁၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရှိရသည်။

“တိုက်ပွဲ ဖြစ်ပွားတာလုံးဝမရှိပါဘူး။ စစ်တပ်က ဒါးစမ်း(တဇန်း) ကျေးရွာကို လက်နက်ကြီးတွေနဲ့မပစ်ခင် ဒရုန်းနဲ့ ကင်းထောက်ပြီးမှ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ရွာရဲ့အရှေ့တောင်ဘက်ခြမ်းကို လက်နက် ကြီး ကျည် ၂ လုံးကျရောက်ပေါက်ကွဲပါတယ်။ ကျေးရွာ ပတ်ပတ်လည်ကိုလည်း ကျည်ကျရောက် ပေါက်ကွဲတာတွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင် အပါဝင် လူနေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်။ နွားနဲ့ဝက် တချို့လည်းသေဆုံးမှုထဲပါသွားပါတယ်။ လက်ရှိမှာ ဒါးစမ်းကျေး ရွာအပါဝင်ကျေးရွာ ၃ ရွာက ပြည်သူ ၁၀၀၀ ခန့်နီးပါးထွက်ပြေးတိမ်းရှောင်နေရပြီ ပြည်သူများအနေနဲ့ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းရန်တို့ သတိကြီးစွာ စောင့်ကြည့်နေထိုင်ကျဖို့ ပြောချင်ပါတယ်” ဟု အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

ယင်းအပြင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် စစ်ကြောင်းရန် ပြင်ဆင်နေသည်ဆိုသော သတင်းများကြောင့် တိမ်းရှောင်မှု မရှိသေးသော ကျေးရွာများမှာလည်း စစ်တပ်စစ်ကြောင်း၏ လှုပ်ရှားမှု အခြေအနေများကို စောင့်ကြည့်နေရကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

“စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေကို အမြဲ စောင့်ကြည့်နေရတယ်။ အခုထက်ထိတော့ စစ်ကြောင်း ထွက်လာတာမရှိသေးဘူးလို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာအနီးတစ်ဝိုက်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ စိုးမိုးထားသည့် နယ်မြေဖြစ်ပြီး စစ်တပ်က အမည်းရောင် နယ်မြေအဖြစ် သတ်မှတ်ထားသော နေရာများ ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article