27 C
Yangon

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ True Green City စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို ရိုက်နှက်

Must read

ရန်ကုန်၊ မတ် ၂

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City ကော်စေ့ စက်ရုံတွင် တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်အလုပ်သမားက စက်ရုံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးကို ရိုက်နှက်ခဲ့မှုအပေါ် တရားဥပဒေနှင့်အညီ အရေးယူရေး လုပ်ဆောင်နေကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUMမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တရုတ်နိုင်ငံသား ကျွမ်းကျင် နည်းပညာTechnicianဝန်ထမ်း က မြန်မာအလုပ်သမားကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ခံရသူ မြန်မာအမျိုးသမီးအလုပ်သမားကို တရုတ်အလုပ်သမားက မာကျောသော အရာဝတ္ထုဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရိုက်နှက်ခံရ၍ လှည့်ကြည့်ရာတွင် တရုတ်နိုင်ငံသားက ထပ်မံ ဆောင့်တွန်းခဲ့ကြောင်း သိရှိရသည်။

“အခုအခြေအနေက တရားရုံးရောက်နေပါပြီ။ STUM က Legal Aid ပိုင်း ကူညီပေးနေပါတယ်။မတ် လ ၁၂ ရက်နေ့ ရုံးချိန်းပါ” ဟု STUM မှ တာဝန်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံဥပဒေအရ နိုင်ငံခြားသား မန်နေဂျာများက မြန်မာနိုင်ငံသား အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ခွင့် မရှိကြောင်း၊ ထို့ပြင် ရိုက်နှက်မှုမှာ EC စာချုပ်ပါ ပုဒ်မ ၁၇ အပိုဒ် က ပါ ပိုဒ်ခွဲ ၂ နှင့် ၃ ကို ချိုးဖောက်မှု ရှိ၍ ဥပဒေအတိုင်း အရေးယူပေးရန် ရိုက်နှက်ခံရသူမြန်မာအလုပ်သမားက တောင်းဆိုထားကြောင်း သိရှိရသည်။

“နိုင်ငံခြားသား မန်နေဂျာတွေ က မြန်မာနိုင်ငံ က အလုပ်သမား ကိုတိုက်ရိုက်အုပ်ချုပ်ခွင့်မရှိဘူး။ အဲ့ဒါကိုတိုက်ရိုက်အုပ်ချုပ် တော့ပြသနာတက်တာပေါ့။ ဒါလေးကိုစက်ရုံတွေ သတိထားဖို့လိုပါမယ်” ဟု STUM မှ တာဝန်ရှိသူက ပြောဆိုသည်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများ၊ သစ်အချောထည်စက်ရုံများအပါအဝင် ကုန်ထုတ်စက် ရုံအများစုမှာ တရုတ်နိုင်ငံသားများက ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး အဆိုပါစက်ရုံများတွင် တ ရုတ် များက မြန် မာ အလုပ်သမားများကို လုပ်ခလစာသက်သာစွာဖြင့် ခေါ်ယူအသုံးပြုကြောင်း၊ သို့ရာ တွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း အလုပ် သမားအရေးလှုပ်ရှားသူတချို့က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article