By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေပေမယ့်လည်း မြန်မာစစ်တပ်ရဲ့ မိတ်ဖက် အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးတဲ့သတင်းကို စစ်တပ်ပိုင် ဝါဒဖြန့် သတင်းစာတွေမှာ မဖော်ပြဘဲ သတင်း အမှောင်ချထားတာ ကို တွေ့ရပါတယ်။
အကြမ်းဖက် စစ်တပ်လက်အောက်ခံ တပ်ပြေးနှင့်ရဲပြေးတွေ များပြားလာပြီးတဲ့နောက်ပိုင်း နှစ်ချို့ ဝါရင့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်တိုင်းကို အထူးထောက်ပံ့ကြေးပေးမယ်လို့ စစ်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ အခုရက်ပိုင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဗိုလ်မှူးလှိုင်မြင့် ကိုယ်တိုင်ဦးဆောင်ပြီး လမ်းသွား လမ်းလာတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) နဲ့ ပြစ်ဒဏ်ကျခံနေသူ ၇,၃၃၇ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးပြီး တရားစွဲဆိုထားသူ ၁၂၄၈၇ယောက်ကို အမှုရုပ်သိမ်းလိုက်တယ်လို့ ဒီနေ့ မနက်ပိုင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးဟာ ၄ ပတ်လောက်အထိ ကြာမြင့်နိုင်တယ်လို့ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




