By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကော်သူလေးနိုင်ငံ သမ္မတလို့ အမည်ခံထားတဲ့ ဗိုလ်ချုပ် စောနယ်ဒါးမြ ဟာ ထိုင်ဝမ်နိုင်ငံကို သွားရောက်ပြီး တရုတ်ရဲ့ လွှမ်းမိုးမှုကို ဘယ်လို တွန်းလှန်နေကြလဲ ဆိုတာ လေ့လာခဲ့သလို ထိုင်ဝမ်သမ္မတရုံး ဝန်ထမ်း တချို့နဲ့လည်း အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ တိုင်ပေတိုင်မ်း သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်-အစ္စရေးနှင့်အီရန် တို့ တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့်လာတာကြောင့် စစ်ပွဲအခြေအနေ ဆိုး ရွားလာတဲ့ အရှေ့အလယ်ပိုင်းဒေသက နေရပ်ပြန်ချင်တဲ့ ထိုင်းနိုင်ငံသားတွေကို ထိုင်းအစိုးရက အထူး လေယာဉ်နဲ့ ကယ်ထုတ်ဖို့ စီစဉ်နေချိန် မြန်မာနိုင်ငံသားတချို့ကတော့ နေရပ်ပြန်ချင်ပေမယ့်လည်း ကယ်သူမဲ့ ဖြစ်နေရတယ်လို့ အရှေ့အလယ်ပိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်း ပညာတက္ကသိုလ် – GTC ရှေ့မှာ ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒူရကစစ်ကြောင်း ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-အရှေ့အလယ်ပိုင်းဒေသမှာ စစ်မီးတွေ တစ်ဟုန်ထိုး ကူးစက်နေချိန်မှာပဲ တရုတ်နိုင်ငံက အီရန်ဘက် ကနေ အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ အချုပ်အခြာအာဏာ ကို ကာကွယ်ဖို့အတွက် တရုတ်က အသင့်ရှိနေသလို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ရပ်တွေကိုလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




