By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
နေပြည်တော် အေလာလေတပ်ကို ရုရှား နိုင်ငံရဲ့ IL-76 ကုန်တင်လေယာဉ်တွေ ဆက်တိုက်ဆင်းသက် ပြီး စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့ လေယာဉ်ဆီတွေ လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-အရှေ့အလယ်ပိုင်းဒေသမှာ အီရန်နဲ့ အမေရိကန်တို့အကြား စစ်ရေး ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှာပါ စက်သုံးဆီ ပြတ်လပ်မှာကို စိုးရိမ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီတွေကို တန်းစီ ဝယ်ယူနေကြပြီး ၊ ဆီဆိုင်အချို့ဆိုရင် အကန့်အသတ်နဲ့သာ ရောင်းတော့ တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းမှာ နောက်ကွယ်ကနေ ပံ့ပိုးနေတဲ့ အီရန်နိုင်ငံကို အမေရိကန်နဲ့ အစ္စရေး တို့ကနေ အရေးယူမှုတွေကြောင့် မြန်မာ့အရေး အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ သြစတြေးလျ အထက်လွှတ်တော်အမတ် ဒင်းစမစ်က ပြောကြားလာပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ တစ်လထက်မက ကြာမြင့်နိုင် တယ်လို့ မတ်လ ၂ ရက်နေ့မှာပဲ သတိပေးလိုက်ပြီး ၊ အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံတွေကိုပါ ပြန်လည်တိုက်ခိုက်မှုတွေကြောင့် စစ်မီးဟာ ဒေသတစ်ခုလုံးကို ကူးစက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




