32 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲပြီး ယာဉ်တွေမောင်းနှင်ဖို့ အမိန့်ထုတ်မှုအပေါ် ရူးကြောင်ကြောင် အမိန့် အဖြစ် ဝေဖန်လိုက်ပြီး မနေ့က ညပိုင်းကနေစတင်ကာ တစ်နိုင်ငံလုံး စက်သုံးဆီတွေ တန်းစီပြီး အလုအယက် ပြန်ဝယ်နေရတယ်လို့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေက ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-မကွေးတိုင်း ၊ မင်းတုန်းမြို့နယ် ၊ ပြောင်းရွာအနီး က ကုန်တင်ကားစုရပ်ကို အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့အပေါ် အပြစ်ပေး အရေးယူ နိုင်ဖို့ အတွက် အစွမ်းကုန် တာဝန်ယူ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စု၊ ကုန်းတောင်နီကျေးရွာမှာ စစ်တပ်ရဲ့ ဒေါက်တိုင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် သိန်းဇော်မှာ သစ်ပင်ပေါ်က နေ ပြုတ်ကျပြီး ဇက်ကျိုးသေဆုံးကာ ဒီနေ့သဂြိုလ် မယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

ကာတာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ရန် ပြင်ဆင်နေသည့် အီရန်သူလျှိုများကို ဖမ်းဆီးရမိ ကြောင်း ကာတာနိုင်ငံက သတင်းထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article