By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အဆင့် (၁) အတန်းအစား မြေရှားသတ္တုတွေ ထွက်ရှိပိုင်ဆိုင်ထားပေမယ့် တရုတ်နိုင်ငံ ကပဲ လုံးဝထိန်းချုပ်ထားတဲ့ အခြေအနေရှိနေတယ်လို့ အမေရိကန်အခြေစိုက် Rare Earth Exchanges (REEx) က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်တပ်က လုပ်ဆောင်နေတဲ့ စက်သုံးဆီချွေတာရေး စီမံချက်ရဲ့ ဒုတိယနေ့မှာ စုံရက်၊ မရက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကားတွေကို ယာဉ်ထိန်းရဲတွေက တားဆီးစစ်ဆေးပြီး အကြောင်းမျိုး စုံပြပြီး ငွေတောင်းယူတာတွေ ပိုပြီး ဆိုးရွားလာနေတယ်လို့ ရန်ကုန်မြို့က ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
-ရန်ကုန်မြို့မှာ စစ်မှုထမ်းရန် သတ်မှတ်ထားတဲ့ အသက်အရွယ်ကို ကျော်လွန်နေတဲ့ အသက် ၄၀ အရွယ် ကိုအောင်သီဟကိုပါ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ ကိုအောင်သီဟရဲ့ မိတ်ဆွေတွေဆီ ကနေ သိရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးအရထိုးစစ်ဆင်မှုတွေ ပြုလုပ်နေစဉ်အတွင်း အီရန်နိုင်ငံရဲ့ အစိုးရအပြောင်းအလဲဖြစ်အောင် ကြိုးပမ်းတဲ့ မည်သည့်လုပ်ရပ်မဆို ပြည်သူ့ထောက်ခံမှု ရရှိမည် မဟုတ်ကြောင်း တရုတ်နိုင်ငံက သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




