By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မန္တလေးတိုင်းအတွင်း မြို့ဧရိယာတွေကို အကြမ်းဖက်စစ်တပ်က အင်အားအလွန်အကျွံအသုံးပြုပြီး ထိုးစစ်ဆင်နေတဲ့အတွက် လက်လွှတ်ထားရပေမယ့် မြို့နယ်ဧရိယာတွေမှာတော့ တော်လှန်ရေးတပ်တွေ ဆက်လက်လှုပ်ရှားနေဆဲဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကို အလွန်အကျွံအသုံးပြုပြီး ခံစစ်ဆင် နေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်နဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ရေစကြိုမြိုနယ်တို့မှာ အကြမ်းဖက်စစ်တပ်စစ်ကားနဲ့ စစ်ကြောင်းတို့ကို တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၇ ဦး သေသွားပြီး ကားတစ်စီးပျက်စီးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့နဲ့စစ်ပွဲဖြစ်နေတဲ့ ၁၂ ရက်မြောက်နေ့မှာ အီရန်က ကူဝိတ်က အမေရိကန် အခြေစိုက်စခန်းအပါအဝင် ပင်လယ်ကွေ့ဒေသတစ်လျှောက်ကပစ်မှတ်တွေကို သူတို့ရဲ့ ၃၇ ကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတစ်စီးထိခိုက် မီးလောင်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




