26 C
Yangon

ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ မတ် ၁၂

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Popa Guerilla Force (Popa-PGF) တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ပြီး ပြည်သူများကို သတ်ဖြတ်လာသော အင်အား ၂၀၀ ပါ စစ်ကြောင်း ၂ ခုသည် မတ်လ ၁ ရက်နေ့တွင် ကျောက်ပန်း တောင်းမြို့နယ်၊ ပုပ္ပါးတိုက်နယ်ဘက်သို့ ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း သိရသည်။

ထိုစစ်ကြောင်းကို အင်အားဖြည့်တင်းရန် မတ်လ ၃ ရက်နေ့တွင် အင်အား ၃၀ ပါ ဒိုင်နာကား ၁ စီးသည် ကုန်းပေါ်နက်နှင့် မြောက်ကုန်း လမ်းပိုင်း တနေရာကို ရောက်ရှိလာစဉ် Popa Guerilla Force (ပုပ္ပါး ပြောက်ကျား) တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်သား ၁၆ ဦး ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးသူအရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။

မတ်လ ၄ ရက်နေ့တွင် စိုင်ခေါင်းရွာ တဲတိုက်များကို မီးရှို့နေသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် Popa Guerilla Force (ပုပ္ပါး ပြောက်ကျား) တပ်ဖွဲ့မှ ရဲဘော်များ ညနေ ၄ နာရီဝန်းကျင်ခန့်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းသည် သန်းပင်ရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

“ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲတ‌လျှောက် စစ်ခွေး ၅ ကောင်ခန့်သေဆုံးနိုင်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်‌တာက နောက်ဆုံးရသတင်းအရ ဒါဏ်ရာရနဲ့ သေဆုံးစုစုပေါင်း ၁၆ ယောက်လို့သိရပါတယ်။ သေဆုံးအတိအကျတော့ အတည်ပြုလို့မရပါဘူး” ဟု Popa Guerilla Force (Popa-PGF) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article