ရန်ကုန်၊ မတ် ၁၃
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် ထောင်တွင်းကျန်းမာရေးနှင့်နေထိုင်ရေးအခက်အခဲများ ကို နိုင်ငံတကာကြက်ခြေနီကော်မတီ-ICRC ထံသို့ တင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုးကို အကျဉ်းထောင် အာ ဏာပိုင်များက ရိုက်နှက်ကာ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သာယာဝတီဗဟိုအကျဉ်းထောင်အတွင်းသို့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) မှ လာရောက်စစ်ဆေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုး အပါအဝင် အကျဉ်းထောင် အဆောင် ၈ နှင့် ၉ တို့မှ နိုင်ငံရေးအကျဉ်းသား ၃ ဦးတို့က အ ကျဉ်းသားများ၏ စားသောက်ရေး၊ ကျန်းမာရေး၊ နေထိုင်ရေး လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ အကျဉ်းထောင်အတွင်း အခက်အခဲများ တင်ပြခဲ့မှုများကို မကျေနပ်သည့်အတွက် နိုင်ငံတကာ ကြက်ခြေနီကော်မတီ – ICRC မှ တာဝန်ရှိသူများ ပြန်သွားပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် နိုင်ငံ ရေးအကျဉ်းသား ကိုမျိုးကျော်ထက်အား အကျဉ်း ဦးစီးအရာရှိ ကြည်ဖြိုးအောင်နှင့် အဆောင်လူကြီး (တန်းစီး) များဖြစ်သော ဖိုးသား၊ ကျော်ဇင် ဦးတို့ ဦးဆောင်သောအဖွဲ့က ပင်မအကျဉ်းထောင် (Main Jail) အတွင်းသို့ခေါ်ဆောင်ကာ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် ကိုမျိုးကျော်ထက်တွင် မျက်နှာတစ်ခြမ်းလုံး ဖူးယောင်ညိုမဲဒဏ်ရာ၊ နားအတွင်းမှ သွေးထွက်သံယိုဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသခွင့်မပေးသည့်အပြင် လက်ရှိအချိန်အထိ အပြင်လူများနှင့် အဆက်အသွယ်လုပ်လုံးဝ လုပ်ခွင့်မပေးဘဲ တိုက်ပိတ်ထားကြောင်း သိရသည်။
“တင်ပြတဲ့ ၃ ယောက်ထဲမှာ ကိုမျိုးကျော်ထက်တစ်ယောက်ကိုတော့ အဓိကမဲပြီးတော့ ရိုက်နှက်တဲ့ သဘောမျိုး သိရတယ်။ ဒဏ်ရာကတော့ ဖူးယောင်ဒဏ်ရာနဲ့ ပေါက်ပြဲဒဏ်ရာတွေလည်းရတယ်။ ဒီလို အခြေအနေမျိုးမှာ ဆေးဝါးကုသခွင့်မရတဲ့အပြင် တိုက်ထဲမှာပါ ထည့်ထားတဲ့အခြေအနေမျိုးဖြစ်တဲ့ အတွက် သီးခြားခွဲထုတ်ခံထားရတဲ့အပေါ်မှာ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေတွေ ဘယ်လို ဆက်ရှိလာနိုင်မလဲဆိုတာတော့ စိုးရတဲ့အခြေအနေ၊ ပူပန်ရတဲ့အခြေအနေဖြစ်ပါတယ်။” ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြား သည်။
ယခုကဲ့သို့ မတရားကျူးလွန်မှုများကြောင့် အကျဉ်းသားများက တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုခဲ့ရာ အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင်နှင့်အဖွဲ့က အဆောင် ၈နှင့် အဆောင်၉ အ တွင်းသို့ ဝင်ရောက်ကာ လက်နက်များဖြင့် ခြိမ်းခြောက်မှုများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သာယာဝတီထောင်အတွင်း၌ အကျဉ်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနေရသည့်အ ပေါ် ICRC ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံတင်ပြမှုအတွက် လက်တုံ့ပြန် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေခြင်း၊ အကျဉ်းသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်း သည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ICRC အနေဖြင့် ချမှတ်ထားသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဘက် လိုက်မှုမရှိပဲ အကောင်း ဆုံးလုပ်ဆောင်ပေးပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM) တိုက်တွန်းထားသည်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ICRC ဝင်ခွင့်မရခဲ့တာလည်းများတယ်။ ICRC အနေနဲ့ ဝင်ခွင့်ရတဲ့ အပေါ်မှာ အဓိကအနေနဲ့ အကျဉ်းထောင်ထဲမှာ ဆေးဝါးပေါ့၊ ဆေးဝါးကိုပဲ လုံလုံလောက်လောက် ထောက်ပံ့မှုကို ဦးစားပေးလုပ်ပေးဖို့ ပြောချင်တယ်။ ICRC အနေနဲ့လည်းထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ပြောနိုင်တဲ့၊ ဖိအားပေးနိုင်တဲ့အခြေအနေမှာ မရှိဘူး။ အဲဒီတော့ ICRC အ နေနဲ့ ချမှတ်ထားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို ဘက်မလိုက်ပဲနဲ့ မြန်မာစစ်တပ်အပေါ်မှာ အကောင်း ဆုံးလုပ်ဆောင်ပေးဖို့ပဲ တိုက်တွန်းချင်ပါတယ်” မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။




