25 C
Yangon

ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်အရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၃

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန် ၅၁၀၂ တပ်ရင်းမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာကို ခမရ ၅၉၈ မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နယ်မြေခံမဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်း ဖက် စစ်တပ်ဘက်မှ အထိနာ၍ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ တော်လှန်ရေးရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး စစ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရန်သူဘက်ကထပ်တိုးကျဆုံးစာရင်းတော့မသိရပေမယ့် သူတို့ပြန်ဆုတ်ပြေးတဲ့အချိန်မှာတော့ ကျဆုံးသူတွေ ဒဏ်ရာရသူတွေကို လှေတွေပေါ် အ သည်းအသန် မတင်ပြီး ရွှေ့သွားကြရတယ်လို့ မျက်မြင်တွေ့ရသူတွေကပြောပါတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးတိုက်ပွဲမှာလက်နက်ခဲယမ်း သိမ်းမိတာမျိုးတော့မရှိခဲ့ပါဘူး။ ရဲဘော်တွေ ပစ်ကြခတ်ကြတော့ ကျည်မှန်တဲ့ ရန်သူတွေ လဲကျကုန်တာတာတွေ မျက်မြင် မြင်ရတယ်။ နယ်မြေရှင်းလင်းမှုလုပ်တဲ့အချိန် ရှေးဦးသူနာပြုနဲ့အသက်ကယ်ထားတဲ့ပုံစံတွေ အရမ်းကြီးမားတဲ့ သွေးကွက်ကြီးတွေနဲ့ အရာရှိအသုံး အဆောင်တချို့ တွေ့ရတယ်။ မျက်မြင်တွေ့ရသူတွေကတော့ သူတို့ဆုတ်ခွာချိန် လှေပေါ်ကို ကျဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို အသည်းအသန် မ တင်ပြီးရွှေ့ နေကြရတာတွေ့တယ်လို့ ပြောကြတယ်။”ဟု ရန်ကုန် ၅၁၀၂ တပ်ရင်းမှတာဝန်ရှိသူက ပြောဆိုသည်။

ထိုတိုက်ခိုက်မှုကို ရန်ကုန် ၅၁၀၂ တပ်ရင်းနှင့် ရန်ကုန်တပ်ရင်းများ ၊ နယ်မြေခံမဟာမိတ် KNLA ပူးပေါင်းတပ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်ဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article