25 C
Yangon

မန္တလေးမြို့၊ KBZ ဘဏ်(စက်မှုပန်းခြံ)ကို လက်နက်ကိုင်ဆောင်သူ အမျိုးသား ၂ ဦးက ဓားပြတိုက်ပြီး ငွေအိတ် ၂ အိတ် ယူဆောင်သွား၊ ဓားပြတိုက်ခံရသော ယင်း KBZ ဘဏ်မှာ ဒုတိယအကြိမ် ဓားပြတိုက်ခံရခြင်းဖြစ်

Must read

ရန်ကုန်၊ မတ် ၁၃

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတစ်ခုကို ယနေ့ နေ့လယ်ပိုင်းတွင် လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးက ဝင်ရောက်ဓားပြတိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့၊ ယနေ့ နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၄ လမ်းနှင့် ၁၃၅ လမ်းကြား၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိသော အမှတ် ၄၂ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) သို့ သေနတ်ကိုင်ဆောင်ထားသူ ၂ ဦး ရောက်ရှိလာပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

မျက်မြင်သက်သေများ၏ အဆိုအရ ဓားပြတိုက်သူများမှာ Scoopy i အမျိုးအစား ဆိုင်ကယ်အမည်းရောင်ကို စီးနင်းလာပြီး ဂျင်းဘောင်းဘီအပြာရောင်နှင့် ဖလန်ထည်အကျီများ ဝတ်ဆင်ထားကြောင်း၊ ၎င်းတို့သည် ငွေများကို ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်သွင်းယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“သေနတ်နှစ်လက် ပါတယ်။ နေ့ခင်းကြောင်တောင်ကြီးကို ရဲရဲတင်းတင်းဓားပြ ဝင်တိုက်သွားတာ။ ဆာ လာအိတ် နှစ်အိတ်နဲ့ ငွေတွေ အပြည့်ယူသွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) သည် ယခင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ငွေကျပ် သိန်း ၁၈၀၀ နီးပါး ဓားပြတိုက်ခံခဲ့ရဖူးပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံဓားပြတိုက်ခံရခြင်းဖြစ်သည်။

လက်ရှိတွင် ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ဆုံးရှုံးသွားသော ငွေကြေးပမာဏ အသေးစိတ်နှင့် ဖြစ်စဉ်အပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article