36 C
Yangon

နိုင်ငံရေးအစိုးရများ ပြောင်းလဲသော်လည်း စစ်တပ်က မပြောင်းလဲဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ကာကွယ်ရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် ပြော

Must read

ရန်ကုန်၊ မတ် ၁၄

နိုင်ငံရေးအစိုးရများမှာ သတ်မှတ်သက်တမ်းအလိုက် အပြောင်းအလဲရှိနိုင်သော်လည်း တပ်မတော်အနေဖြင့် မပြောင်းလဲဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်သော ၎င်း၏ ၁၅ နှစ်တာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်မှု အခြေအနေများ ရှင်းလင်းပွဲတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအစိုးရများသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသူများဖြစ်ပြီး သတ်မှတ်ကာလအပိုင်းအခြားအလိုက် အမြဲတစေ ပြောင်းလဲနေမည်ဖြစ်ကြောင်း၊ သို့သော် စစ်တပ်အနေဖြင့်မူ အစိုးရများကဲ့သို့ ပြောင်းလဲခြင်းမရှိဘဲ ခေါင်းဆောင်အဆက်ဆက်ထံမှ တာဝန်များကို ပခုံးပြောင်းလက် ဆင့်ကမ်း ထမ်းဆောင်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

စစ်တပ်အနေဖြင့် နိုင်ငံတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို အကာအကွယ်ပေးရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် စစ်တပ်အနေဖြင့် စစ်ခေါင်းဆောင်အဆက်ဆက်က ချမှတ်ထားခဲ့သည့် လမ်းစဉ်များကို လက် ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသွားသည်။

အကြမ်းဖက်စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စစ်တပ်က အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် ပါဝင်ရမည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရနှင့် ခေါင်းဆောင်များကို ဖြုတ်ချကာ စစ်အာဏာသိမ်းယူခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article