26 C
Yangon

ဆားလင်းကြီးမြို့နယ် တရုတ်ယန်စီကုမ္ပဏီမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားဟုဆို

Must read

ရန်ကုန်၊ မတ် ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ယန်စီကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ကိုဖြိုးက ပြောကြားသည်။

မတ်လ ၇ ရက်နေ့တွင် ယန်စီကုမ္ပဏီမှ ယင်းမာပင်မြို့ပေါ်သို့ လူချိန်းရန် ထွက်ခွာလာသည့် အင်အား ၃၀၀ ခန့်ပါသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး ၅ လုံးအပါအဝင် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သော်လည်း လက်နက်ခဲယမ်း သိမ်းဆည်းရမိခြင်း မရှိဘဲ စစ်တပ်စစ်ကြောင်းမှာ ယင်းမာပင်ဘက်သို့ လူချိန်းပြီးနောက် ယန်စီကုမ္ပဏီအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

“ယန်စီကုမ္ပဏီကနေ ယင်းမာပင်မြို့ပေါ်ကို လူချိန်းတာပါ။ စစ်တပ်အင်အားက ခန့်မှန်းခြေ ၃၀၀ ကျော်လောက်ရှိမယ်။ စစ်သား ၁၀ ဦး သေဆုံးပြီး ၄၀ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ကိုဖြိုးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၂၈ စစ်ကြောင်း၊ မြို့နယ် ပကဖ စစ်ကြောင်း၊ တော်လှန်ပြောက်ကြားတပ်ဖွဲ့၊ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့နှင့် မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article