26 C
Yangon

ရေးမြို့နယ်ရှိ အမတ ၃၁၆ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ရေးဘီလူးက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ကြို့ပင်ကောက်တွင်လည်း စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ်၏ အမတ ၃၁၆ တပ်ရင်းစစ်ဆေးရေးဂိတ်ကို ရေးဘီလူးက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရေးမြို့နယ် အမတ ၃၁၆ တပ်ရင်းစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး​ ပွဲချင်းပြီးသေဆုံးကာ ပျူစောထီး ခေါင်းဆောင် လင်းဦးသား လည်း ထိခိုက် ဒဏ်ရာ ရရှိကာ ရေးမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

“အဲ့နေရာမှာ စစ်ခွေး အင်အားက ၃၀ လောက်တော့ရှိမယ်။ ကျနော်တို့ အလစ်အငိုက် ဝင်တိုက်တာပါ။ စစ်ခွေး ၃ ကောင် ကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူတို့ဘက်က ပစ်တာများလို့ ဆုတ်လမ်းပဲ အကောင်းဆုံးဆုတ်ခွာခဲ့တာပါ။ စစ်ခွေးဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုး မရှိခဲ့ပါဘူး။ ကျနော်တို့ စစ်ရေးရလဒ်ကတော့ ရန်သူလက်နက်ပေါ့။ နောက်တစ်ခေါက်မှ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ကောင်တွေဆီက အများကြီးလုခဲ့မယ်” ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေးဘီလူးတပ်ရင်းမှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် ဂွေးကောင်းပင် ကျေးရွာမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် အင်အား ၂၅ ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article