28 C
Yangon

အကြမ်းဖက်မင်းအောင်လှိုင်က စစ်ဦးစီးချုပ်မှာတမ်း ရေးသားနေပြီး စစ်တပ်အတွက် စံပြနမူနာအဖြစ် ထားရှိမည်ဟုဆို

Must read

ရန်ကုန်၊ မတ် ၁၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၁၅ နှစ်တာ ၎င်းဖြတ်သန်းခဲ့ရသော စစ်တပ်ဦးစီးချုပ် အနေဖြင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ကျော်လွှားခဲ့ပုံများနှင့် အောင်မြင်မှုများ အကြောင်း ပါဝင်သော စစ်ဦးစီးချုပ် မှာတမ်းကို ရေးသားနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က ယင်းမှာတမ်းကို နောင်စစ်တပ်ဦးစီးချုပ်အဖြစ် တာဝန်ယူမည့်သူများထံသို့ အဆင့် ဆင့် လက်ဆင့်ကမ်းသွားရန် ရည်ရွယ်ရေးသားနေခြင်းဖြစ်ပြီး စစ်တပ်အတွက် လိုက်နာရမည့် မူဝါဒများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုပါ တစ်ပါ တည်း ဖော်ပြရေးသားနေကြောင်း သိရှိရသည်။

“သူကြုံခဲ့ရတဲ့ အခက်အခဲတွေ ဘယ်လိုစိတ်ဓာတ်နဲ့ ကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို ရေးသားပြီး ထားခဲ့မယ်လို့ ပြောတယ်။ တပ်မတော်အတွက် သူ့ရဲ့ မှာတမ်းက နောင်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေ လေ့လာပြီး အခက်အခဲတွေ ဘယ်လိုကြုံလာရင်ဖြစ်ပါစေ ဘယ်လိုကျော်လွှားရမယ်ဆိုတာ သိသင့်သိထိုက်တဲ့အတွက် ဒါကို သူလုပ်မယ်လို့ ပြောတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော မင်းအောင်လှိုင်က စစ်တပ်ဦးစီးချုပ် ရာထူးမှ အနားယူပြီး သမ္မတလုပ်ရန် ရှိနေသည်ဆိုသော သတင်းများ စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေကာ စစ်တပ်အတွက် မူဝါဒဆိုင်ရာ အစည်းအဝေးများကိုလည်း မင်းအောင်လှိုင်က နောက်ဆုံးအကြိမ်အဖြစ် ဆက်တိုက် ပြုလုပ်နေကြောင်း သိရှိရသည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ၅ နှစ် သက်တမ်း ၁ ကြိမ်တာဝန်ထမ်းဖို့၊ ဗိုလ်မှူးချုပ်အဆင့်ကစလို့ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးသက်တမ်း သတ်မှတ်တာတွေ၊ ကကနကောင်စီ မူဝါဒ အပြောင်းအလဲတွေ နောက်ဆုံး ညွှန်ကြားချက်ပေးနေတာတွေ ရှိတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်အတွင်း သတင်းများအရ မင်းအောင်လှိုင်က စစ်တပ် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တင်သွင်းသော ဒုတိယသမ္မတ ဖြစ်လာရန်ရှိနေပြီး ယင်းမှ တစ်ဆင့် သမ္မတ ဖြစ်လာရန် ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article