By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ရဲ့ ၁၅ နှစ်ကြာ စစ်တပ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ အဲဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားခဲ့သလဲဆိုတာနဲ့ ရရှိခဲ့တဲ့အောင်မြင်မှုတွေကို စုစည်းပြီး စစ်ဦးစီးချုပ်မှာတမ်းတစ်ခု ရေးသားနေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အတုအယောင်လွှတ်တော်ကို အသုံးပြုပြီး နိုင်ငံတကာအသိအမှတ်ပြုမှု ရယူနိုင်ဖို့ကြိုးပမ်းနေတဲ့လှုပ်ရှားမှုတွေကို တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူးလိုအပ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။
-ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတစ်ခုလုံးကနေ TNLA တပ်တွေ ဆုတ်ခွာသွားပြီး လက်ရှိမှာ MNDAA တပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ MNDAA သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
အီရန်စစ်ပွဲစရိတ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိမြင့်တက်လာမှုအပေါ် အမေရိကန်သမ္မတ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်က သမ္မတထရမ့်ကို သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်




