27 C
Yangon

အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ် လေကြောင်းမှ ၃ ကြိမ်တိုင် တိုက်ခိုက်မှု ပြည်သူ ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ မင်းရွာကြီးစံပြကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၆ ဦး သေဆုံးသွားကြောင်း Knight Commanders အဖွဲ့ထံမှ သိရသည်။

မတ်လ ၂၂ ရက်နေ့ ညပိုင်းတွင် မိတ္ထီလာလေတပ်စခန်းမှ ဂျက်ဖိုက်တာ ၁ စီးနှင့် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂ စီး၊ စုစုပေါင်း လေယာဉ် ၃ စီးဖြင့် မင်းရွာကြီးကျေးရွာအနီးသို့ ပေါင် ၅၀၀ ဗုံးများ အသုံးပြုကာ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Knight Commanders အဖွဲ့မှ ကိုဘယ်သန်ကြီးက “စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးသွားပါတယ်။ ဗုံးသီးတွေက ရွာရဲ့တောထဲဘက်ကို ကျရောက်ခဲ့တာဖြစ်လို့ နေအိမ်ပျက်စီးတာမျိုးတော့ မရှိပါဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားထားသည်။

အရာတော်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းအင်အားသုံး၍ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း အရာတော်-မြင်းမူ လမ်းပိုင်းတွင် သွားလာနေသည့် ခရီးသွားယာဉ်တန်းကို မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အညာဒေသသို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်မှုများဖြစ်ပွားနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article