27 C
Yangon

ယင်းမာပင်၊ လက်လှုပ်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ၃ ဦး အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်လှုပ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ လက်လှုပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲအထိုင်ချထားသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားက မတ်လ ၂၀ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကြောင်းသည် လက်လှုပ်ရွာအတွင်းမှ တပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်သား ၃ ဦးကိုလည်း အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“လက်လှုပ်ရွာက ယင်းမာပင်မြို့ အနောက်ဘက်မှာရှိတဲ့ ကျေးရွာပါ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးတာတော်တော်များပါတယ်။ စစ်ကြောင်းတစ်ခုလုံးတပ်ပျက်သွားတဲ့ အခြေအနေပဲ စစ်ခွေးသေစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေး ၃ ကောင်ကိုတော့ အရှင်ဖမ်းမိထားပါတယ်” ဟ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့ပေါ်ကို ထွက်ပြေးဆုတ်ခွာသွားကြောင်း၊ ထို တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းနှင့် နယ်မြေခံ မဟာမိတ်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article