27 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဘောလုံးကန်ရန်ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်က ပြန်လည် ပစ်ခတ်မှု ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဘောလုံးကန်ရန် ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း BRAVE HEART ARMY-BHA မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မုံရွာ-မုံရွေး တိုးဂိတ်မှ တောပုပျူစောထီးရွာသို့ ဘောလုံးကန်သွားရန် စစ်သား၊ ရဲနှင့် ပျူစောထီးများ လိုက်ပါလာသည့် light turck ကား ၁ စီး၊ surf ကား ၁ စီးနှင့် ၆ ဘီးကား ၁ စီး ပါဝင်သော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ တောပုပျူစောထီးကျေးရွာ ဆိုင်းဘုတ်အနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မုံရွာ-မုံရွေး တိုးဂိတ်ကနေပြီး တောပုပျူစောထီးကျေးရွာကို ဘောလုံးကန်သွားဖို့ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို မုံရွာ-ချောင်းဦး လမ်းပိုင်းက တောပုပျူစောထီးကျေးရွာ ဆိုင်းဘုတ်အနီးမှာ ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ တိုက်ခိုက်မှုမှာ ဂိုးသွင်းကောင်းတဲ့ဒို့ကိုကို စစ်ခွေး ၃ ကောင် သေဆုံးပြီး ၈ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု BRAVE HEART ARMY-BHA မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ MONYWA- SPECIALဒိတ်ဒိတ်ကြဲ ၊ MONYWA- DYNAMITE.STF နှင့် CHINDWIN FIGHTER GROUP.CFG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်တွင် ပြေးဆွဲနေသော HONDA- FIT ကားကိုပါ အကြမ်းဖက် စစ်တပ်က ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြု‌မည့် ပြည်သူများအနေဖြင့် စစ်‌ရေးအသိ စစ်‌ရေးသတိရှိကြရန် BRAVE HEART ARMY-BHA က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article