37 C
Yangon

ဒေါ်လာ နည်းပါးနေသည့် အကြမ်းဖက် စစ်တပ်က ရုရှားနိုင်ငံမှ လေယာဉ်ဆီနှင့်စက်သုံးဆီများကို အကြွေးစနစ်(Open Account) ဖြင့် ဝယ်ယူနိုင်ရေး ကြိုးပမ်းနေ

Must read

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေ ဒေါ်လာနည်းပါးလာနေသဖြင့် ရုရှားနိုင်ငံမှ လေယာဉ်ဆီနှင့် စက်သုံးဆီများကို အကြွေးစနစ်(Open Account) ဖြင့် ဝယ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် စက်သုံးဆီအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ အရှေ့အလယ်အပိုင်း ဒေသ ပဋိပက္ခကြောင့် ၁ လနီးပါး ကြာမြင့်လာချိန် မြန်မာ နိုင်ငံအတွင်း စက်သုံးဆီ အကျပ် အတည်း ဖြစ်လာသည့်အတွက် မိတ်ဖက် ရုရှားနိုင်ငံမှ လေယာဉ်ဆီနှင့်စက်သုံးဆီများ ဝယ်ယူခွင့် ရရှိရန် လုပ်ဆောင်လာကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ရုရှားနိုင်ငံထံမှ အကြွေးစနစ်(Open Account) ပုံစံဖြင့် စက်သုံးဆီများ ဝယ်ယူခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရှိရသည်။

“အခု စက်သုံးဆီဝယ်တာက ငွေကြိုချေစနစ်နဲ့ ဝယ်နေတာ။ ရုရှားဆီက ဝယ်မယ့် Open Account ဆိုတာက ပစ္စည်းအရင်ယူ နောက်မှ ငွေချေတာ။ ပစ္စည်းရောက်ပြီးရင် ၁ လ ကနေ ၃ လအတွင်း သတ်မှတ်ထားတဲ့ကာလတစ်ခုအတွင်း ငွေချေပေးရတာ။ ရုရှားက ဆီမှာရင်တော့ ခရီးလမ်းကြောင်းကတော့ ရှည်တယ်။ ကုန်ကျ စရိတ်လည်း ပိုများတယ်” ဟု စက်သုံးဆီတင်သွင်းသူ လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောဆိုသည်။

လတ်တလော ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းရန်အတွက် ဒေါ်လာ လိုအပ်ချက်ရှိနေပြီး အဆိုပါ ဒေါ် လာလိုအပ်ချက်မှာ စစ်တပ်ကအနေဖြင့် ရုရှားထံမှ အကြွေးစနစ်ဖြင့် စက်သုံးဆီများရရှိရေး ကြိုးစားနေ ခြင်း၏ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အီရန်စစ်ပွဲကြောင့် ရေနံစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိရာ စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီအတွက် သုံးစွဲရသော အမေရိကန်ဒေါ်လာသန်းချီ ဆတိုးသုံးစွဲနေရကြောင်း၊ လက်ရှိတွင် ဒေါ်လာငွေ လိုအပ်ချက် တဖြည်းဖြည်း များပြားလာနေကြောင်း သိရှိရသည်။

ရုရှားထံမှ စက်သုံးဆီများ အကြွေးစနစ်ဖြင့် ဝယ်ယူရေး လုပ်ဆောင်ရာတွင် ယခင် ၂၀၂၂ ခုနှစ် ဩဂုတ် လ ၁ ရက်နေ့ ဖွဲ့စည်းခဲ့သော ရုရှားစက်သုံးဆီ ဝယ်ယူရေးကော်မတီဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းကော်မတီတွင် သားဖြစ်သူ အောင်ပြည့်စုံပိုင် Yetagon Energy Trading ကုမ္ပဏီက အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။

မင်းအောင်လှိုင်က ကနဦး ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦး ဆောင်ကော်မတီတွင် အဖွဲ့ဝင် ၁၀ ဦးပါဝင်ခဲ့ပြီး ညိုစောကို ကော်မ တီ ဥက္ကဋ္ဌ အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article