37 C
Yangon

ရန်ကုန်တွင် စက်သုံးဆီတန်းစီရင်း အသက် ၆၉ နှစ်အရွယ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်

Must read

ရန်ကုန်၊ မတ် ၂၆

ရန်ကုန်တွင် စက်သုံးဆီတန်းစီရင်း အသက် ၆၉ နှစ်အရွယ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်သွားကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲပိုင်ု ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဟာမစ်တစ်မှတ်တိုင်အနီး စက်သုံးဆီအရောင်းဆိုင်တွင် ဆီဝယ်ယူရန် အငှားယာဉ်ဖြင့် တေးသံရှင် ပက်ထရစ်တင်ထွန်း (ခေါ်) ဦးတင်ထွန်းက ဝင်ရောက်တန်းစီခဲ့ကြောင်း၊ ယင်းနောက် ဆီတန်းစီရင်း ကားပေါ်တွင် ထိုင်လျက် သတိလစ်သွားရာမှ ဆေးရုံသို့ ပို့ဆောင်နေစဉ်မှာပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“သူကြည့်ရတာ သွေးတိုးရှိတယ်ထင်တယ်။ နေကလည်း တအားပူတယ်။ ဆေး ရုံပို့မယ့်အချိန်မှာပဲ ယာဉ်မောင်း ဆုံးသွားပြီ။” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့ရသူ ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

သေဆုံးသူ တေးသံရှင် ပက်ထရစ် တင်ထွန်း (ခ) ဦးတင်ထွန်းသည် ၁၉၅၇ ခုနှစ်တွင် မွေးဖွားသူဖြစ်ပြီး အသက် ၆၉ နှစ်ရှိနေပြီဖြစ်ကြောင်း၊ ရန်ကုန်ရှီ ဆီဆိုင်တွင် တိုယိုတာ Fielder အမျိုးအစား အငှားယာဉ်ဖြင့် ဆီတန်းစီနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး စစ်တပ်က စက်သုံးဆီချွေတာရေး စီမံချက် ချမှတ်ထားခြင်းကြောင့် ပြည်သူများမှာ စက်သုံးဆီဆိုင်များတွင် နေ့ရောညပါ တိုးကြိတ်၍ ဆီရရှိရေး တန်းစီဝယ်ယူနေရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article