ရန်ကုန်၊ ဇူလိုင် ၁၉
တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု ပိန္နဲတောင်ရွာကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူ ကိုဇင်ဝိုင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Dawei Information Center အဖွဲ့ထံမှ သိရသည်။
ပိန္နဲတောင်ရွာကို ပုလော အခြေစိုက် အမှတ် ၂၈၅ တပ်ရင်းမှ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာထဲသို့ ကျရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုလောမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများကိုပါ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လေ့ရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
![](https://yktnews.com/wp-content/uploads/2022/07/1AFACB0A-D0ED-42E9-A798-EBFB4B9A8B9A-768x1024.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/CF59CBC3-4A14-470C-A8F3-4467E895AD82-1024x768.jpeg)