31 C
Yangon

သရက်ချောင်းနှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှု နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ မတ် ၃၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၃၁ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်အတွင်းရှိ ဝဲရစ်ရွာ၊ သီကုန်းရွာ၊ သပြူချောင်းရွာနှင့် ဂုံညှင်းဆိပ်ရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း၊ နေအိမ်များနှင့် စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“သရက်ချောင်းကို ဗုံးကျဲတာက နေ့တိုင်းလိုလိုကိုကျဲနေတာ အခုနောက်ပိုင်း စစ်ခွေးတွေ တိုက်ပွဲဖြစ်တဲ့ နေရာတင်မဟုတ်တော့ဘဲ ပြည်သူတွေ နေထိုင်တဲ့ ရွာတွေပါ ဦးတည်ပြီး ဗုံးကျဲလာလို့ စစ်ဘေးထပ်ရှောင်ရတဲ့ ရွာတွေလည်းရှိပါတယ်။ တိုက်ပွဲက ငြိမ်လိုက်ဖြစ်လိုက်ပဲ ပြည်သူတွေ ထိခိုက်တာတော့ မကြားမိဘူး။ နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးတာလောက်ပဲရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၂၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ် တို့ဖြင့် ဂုံညင်းဆိပ်ကျေးရွာအနီးတဝိုက်ကို ဗုံးအလုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများကြောင့် ဂုံညင်းဆိပ်ကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာ ၁၅ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည်လည်း လက်ရှိချိန်ထိ တိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပဝပိန်းတောရွာကိုလည်း အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ပဝပိန်းတောကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က အသေခံ ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများမှ ပြည်သူများကို အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ စစ်ရေးနှင့်မက်ဆိုင်သော ကျေးရွာအတွင်းတွင် လေကြောင်းဖြစ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ကာမီကာဇအေသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းများမကြာခဏပြုလုပ်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article