ရန်ကုန်၊ ဇူလိုင် ၁၉
လက်ပံတန်းမြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ “စစ်(၃)စစ်ကိုတိုက်ဖျက်ကြ အာဇာနည်ဟာ (ကိုး)ဦးမက” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


