30 C
Yangon

ဖားကန့်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေ

Must read

ရန်ကုန်၊ ဧပြီ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း နေရာယူထား၍ ပြည်သူများ ပိတ်မိနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကျယ်လောင်စွာ ကြားနေရကြောင်း၊ ထို့ပြင် စစ်တပ်သည် လုံးခင်းရွာအတွင်း နေရာယူထားသောကြောင့် ပြည်သူများ ပိတ်မိနေကြောင်း သိရသည်။

“လုံးခင်းရွာထဲမှာ တိုက်ပွဲက တော်တော်ကြမ်းနေတယ်။ စစ်ခွေးတွေက ရွာထဲမှာနေရာယူထားပြီး ပြန်ပစ်နေတော့ ပြည်သူတွေ ထွက်မရဘဲ ပိတ်မိနေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆူညံနေတာပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဧပြီလ ၄ ရက်နေ့ နှင့် ၃ ရက်နေ့ကလည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်များက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို KIA ပူးပေါင်း တပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article