30 C
Yangon

အကြမ်းဖက်စစ်တပ်က စစ်အင်အားစုဆောင်းကာ အပြင်းအထန်ထိုးစစ်ဆင်လာနေ၍ အသက်ပြည့်ပြီးသူ လူငယ်များ စစ်မှုထမ်းကြရန် MTC/MDF ဆင့်ခေါ်

Must read

ရန်ကုန်၊ ဧပြီ ၈

အကြမ်းဖက်စစ်ကော်မရှင်တပ်က စစ်အင်အားစုဆောင်းကာ မြေပြင်၊ ဝေဟင်မှ အပြင်း အထန် ထိုးစစ်ဆင်နေသောကြောင့် မရာဒေသရှိ အသက်ပြည့်ပြီးသူ လူငယ်များအနေဖြင့် စစ်မှုထမ်းဆောင် ကြရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ် – MTC/MDF က ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုကာလသည် အကြမ်းဖက်စစ်ကော်မရှင်က စစ်သားအင်အားစုဆောင်း၍ မြန်မာနိုင်ငံဒေသအသီး သီးရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို မြေပြင်၊ ဝေဟင်မှ အပြင်းအထန် ထိုးစစ်ဆင်၍ နယ်မြေပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် MTC/MDF အ နေဖြင့်လည်း အကြမ်းဖက် စစ်ကော်မ ရှင်ကို ခုခံတွန်းလှန်နိုင်ရန်နှင့် ရန်သူအမျိုးမျိုး၏ ရန်မှကာကွယ် နိုင်ရန်အတွက် အင်အား ဖြည့်တင်းရန် အရေးပေါ်လိုအပ်နေကြောင်း အသိပေးထားသည်။

မရာနယ်မြေလုံခြုံရေးနှင့် ဆက်စပ်သည့် စစ်မှုထမ်းဥပဒေကို ဒုတိယအကြိမ် မရာပြည်သူ့ညီလာခံ သက်တမ်း၊ ဒုတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးမှ မရာဒေသအတွင်းနေထိုင်ကြသည့် သတ် မှတ်ထားသည့် အသက်ပြည့်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု MTC/MDF ၏ လုပ်ဆောင်မှုများသည် ဗဟိုကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက်ကို အ ကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်မှုထမ်းကိစ္စနဲ့ပတ်သက်လို့ မိဘပြည်သူလူထုအပေါ် ပြောချင်တာက ကျနော်တို့က မရာပြည်သူ့ ညီလာခံ၊ ဗဟိုကောင်စီ နဲ့ စီမံအုပ်ချုပ်ရေး ကော်မတီ ကို ကိုယ်စားပြု လက်နက်ကိုင်နေတာ ဖြစ် တယ်။ အဆင့်ဆင့်ပြဌာန်းချက်တွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။” ဟု မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် – MTC/MDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထို့ကြောင့် မရာပြည်သူလူထုတရပ်လုံးအနေဖြင့် MTC/MDF ၏ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်မှုများကို ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရန် ဆက် လက် ပြောဆိုထားသည်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC/MDF သည် အာဏာရှင်စနစ် မှန်သမျှ တွန်းလှန်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ် ပေါက် လာရေးအတွက် ညီနောင်မဟာမိတ်များနှင့်အတူ တော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

မရာနယ်မြေသည် ပလက်ဝမြို့နယ်နှင့် မတူပီမြို့နယ်အတွင်းပါဝင်ပြီး မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ /မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC/MDF အနေဖြင့် ချင်းညီနောင် -CB အဖွဲ့ဝင်ဖြစ်သလို အာရက္ခတပ်တော် -AA နှင့်လည်း မဟာမိတ် ဆက်ဆံရေးတည်ဆောက်ထားသည့် အဖွဲ့အစည်း ဖြစ်သည်။

ဓာတ်ပုံ- အောင်ပွဲရ MTC/MDF တော်လှန်ရေးရဲဘော်များကို ပြည်သူများက ကြိုဆိုနေကြစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article