29 C
Yangon

မုံရွာစီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံး၊ မြင်းမူတိုးဂိတ်၊ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ ပခုက္ကူမြို့ စစ်ဆေးရေးဂိတ်များကို ပစ်ခတ်ခြင်းနှင့်မိုင်းခွဲတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အနောက် မြောက်တိုင်း မဟာမိတ်PDFတပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ တွင် မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်း တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရှိရသည်။

အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုတွင် People’s Defence Force – South Monywa၊ Black Dragon – Special Task Force ၊ Anyar Defence Force (A.D.F)၊ God of Monywa People’s Defence Force & Red Eagle People’s Defence Force၊ Monywa Fighter Group & Golden Eagle Force – Monywa ၊ Monywa Ranger Group – Truth Army ၊ Monywa Red Peacock ၊ People’s Defence Force – Yar Za Than Springs Dove တို့ပါဝင်ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်ရှိ မြစ်ငယ်ဘူတာနှင့် ပလိပ်ဘူတာကြားရှိ မြစ်ငယ်ဘူတာတောင်ဘက် ၁၂ မိုင် ရထားသံလမ်းကူးဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှုဖြစ်စဥ်ကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် စစ်ကိုင်းတိုင်း မြင်းမူမြို့အဝင် တိုးဂိတ် (လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်)ကို မိုင်းနှစ်လုံးဖြင့် ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force – M.N.R.F က သတင်းထုတ်ပြန်သည်။

မြင်းမူမြို့အဝင် တိုးဂိတ်ကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAM – ငါးထောင့်ကြယ် ညီနောင်နှစ်ဖွဲ့ ပူးပေါင်းပြီး မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲရှင်းလင်းကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၁၉ ရက်နေ့ မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ အထိုင်ချထားသော စစ်တပ် စစ် ဆေး ရေး ဂိတ်ကို အာဇာနည်နေ့အထိမ်း အမှတ် အဖြစ်.ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှူ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ကြောင်း၊ Auto Gun များဖြင့် ပစ်ခတ်ခြင်း၊ ၄၀ မမ လက် နက် ကြီးများနေရာ ခွဲ၍ ပစ်ခတ်ခြင်း၊စနိုက်ပါများ ဖြင့် ပစ်ခတ်ခြင်းများကို တပြိုင် နက်တည်းလုပ်ဆောင်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကို Southern (Yso)၊ သံမဏိသိမ်းငှက် (မြိုင်)၊ Ranger (PKU)၊ Young Force (UG)၊ Rso (PKU) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

Photo- istock

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article