35 C
Yangon

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီက စစ်ရေးမဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ဖွဲ့စည်းလိုက်ပြီး စစ်အောင်နိုင်ရေးအတွက် တစ်မိန့်၊ တစ်မူ၊ တစ်ဗျူဟာဖြင့် တိုက်ပွဲဝင်သွားမည်

Must read

ရန်ကုန်၊ ဧပြီ ၁၂

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီက စစ်အောင်နိုင်ရေးအတွက် စစ်ရေးမဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ဖွဲ့စည်းထားပြီး စစ်ဆင်ရေးများကို တစ်မိန့်-တစ်မူ-တစ်ဗျူဟာ- One Command ၊ One Policy၊ One Strategy ဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါ ကောင်စီက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ် ဖော်ပြောဆိုသည်။

ယမန်နေ့ ဧပြီ ၁၁ ရက် ည ၇ နာရီက ပြုလုပ်ခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်း ရေး ဦးဆောင်ကောင်စီ -SCEF ၏ သတင်းစာရှင်းလင်းပွဲမှာ တွင် တာဝန်ရှိသူများက ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF အနေဖြင့် နွေဦးတော် လှန်ရေး ၅ နှစ်အတွေ့အကြုံများကို စုစည်းပြီး တာထွက်အနေဖြင့် ၆ ဖွဲ့မှ စတင်ခြင်းဖြစ်ပြီး အခြား တော် လှန်ရေးအင်အားစုများကိုလည်း ပူးပေါင်းဆောင်ရွက်လာစေရေး ညှိုနှိုင်းနေကြောင်း၊ ထို့အပြင် စစ် အောင်နိုင်ရေးအတွက် စစ်ရေးမဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီကို ဖွဲ့စည်းထား ကြောင်း သိရသည်။

“One Policy နဲ့ကွပ်ကဲတဲ့မဟာဗျူဟာကို ကွပ်ကဲဖို့ဆိုတဲ့ စုစည်းဖို့ ကိစ္စမှာကျနော်တို့ SCEF အနေနဲ့ ကျနော်တို့ ဗျူဟာထဲမှာ စစ်ရေးနဲ့ပတ်သက်ပြီးတော့ စစ်မဟာဗျူဟာ ပူးပေါင်းညှိနှိုင်းကွပ်ကဲ ရေးဆိုပြီးတော့မှ အဖွဲ့အစည်းတစ်ခုတည်းက ဦးဆောင်မှုမဟုတ်ဘဲနဲ့ စစ်အောင်နိုင်ရေး အတွက် စစ် မဟာ ဗျူဟာပူးပေါင်းစပ် ညှိနှိုုင်းကွပ်ကဲရေးကော်မတီဆိုပြီးဖွဲ့ထားတာရှိပါတယ်။ အဲဒီကနေ စစ်ရေးအရ မဟာဗျူဟာကွဲပြားတာတွေကို ကျနော်တို့ချိန်ညှိပြီးတော့ တဆင့်ချင်း တက်ပြီးတော့ One Command ၊ One Policy၊ One Strategy အောက်မှာ သွားနိုင်ဖို့ ဆိုပြီးတော့ စစ်ရေးကို အဲဒီလို လုပ် ထားပါတယ်။ ” ဟု SCEF အထွေထွေအတွင်းရေးမှူး အဖွဲ့ဝင် ဆလိုင်းထက်နီက ပြောကြားသည်။

SCEF သည် စစ်ရေး၊ နိုင်ငံရေး သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်ဖြစ်ပြီး အပြန်အလှန် လေးစားတန်ဖိုးထားကာ တော်လှန်ရေး ပိုမိုအားကောင်းစေရန်ဖြစ်ကြောင်း၊ အဓိက အားဖြင့် စစ်အောင်နိုင်ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ‌ချောမွေ့စေရေးအတွက် ရည် ရွယ်ကြောင်းအသိပေးထားသည်။

“ထူးခြားတာက ဒီဟာသည် နိုင်ငံတည်ဆောက်မှု ဖြစ်သလို တဖက်မှာလည်း စစ်အာဏာရှင်တွေကို စစ်ရေး အရ ဖိအားပေး တိုက်ခိုက်သွားမှာဖြစ်သလို စစ်ရေးနဲ့ နိုင်ငံရေးယှဉ်တွဲပြီး သွားနိုင်မယ့် နိုင်ငံ တည် ဆောက်မှု အင်စတီကျူးရှင်း ပုံစံအသစ်တမျိုးဖြစ်တယ်ဆိုတာလေးကိုတော့ပြန်ပြီး ဖြေကြား လိုပါတယ်” ဟု SCEF အထွေထွေအတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူးက ပြောဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF)” ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့် အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ဖြင့် အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

“ကျနော်တို့ရဲ့ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ဖယ်ရှားပြီးတော့မှ ပြည်ထောင်စုအတွင်း နေထိုင်ကြတဲ့စုံလင်ကွဲပြား လူမျိုးများရဲ့ သရုပ်လက္ခဏာကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ ရှိတဲ့ ပြည်နယ်များနဲ့ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကောင်းမွန်စွာအသွင်ကူး ပြောင်းနိုင်ရေးအတွက် ပဲဖြစ်ပါတယ်” ဟု SCEF အဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က ပြောကြားသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တွင် လက်ရှိ ကချင်လွတ် လပ်ရေး အဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်းဖွဲ့စည်းသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article