ရန်ကုန်၊ ဇူလိုင် ၂၀
မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်အုပ်စုကို ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သော KPDF အဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိသော သင်္ဘောပေါ်မှ မျောပါလာသည့် ခဲယမ်းများအပါအဝင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ဂါလံ ၅၀ ဆံ့ ပေပါ (၅)လုံး၊ ၆၀ မမ (၂)လုံး၊ ၅.၅၆ ကျည် ၂၈၀ တောင့်၊ ၆၀ မမ နောက်ရိုက်ဒန်ကတ်သီး(၁၀)လုံး၊ ( 76th Anniversary Fire-Services Department) စာတန်းပါသော မိုးကာအင်္ကျီ အထည် ၁၅၀ ခန့်၊ တပ်မ ၅၅ တံဆိပ်ပါ စစ်အင်္ကျီများ၊ စစ်ဖိနပ်များ၊ စားသုံးဆီ (၃)ပုံး၊စစ်ခွေးသုံး ကျောပိုးခြင်းကျားများ၊စစ်တပ်ထုတ် ရွှေဖီဦးလ္ဘက်ရည်ထုတ်များ၊တပ်မတော်သားများအတွက်သာ စာတန်းပါဝင်သော ဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများ နှင့် အခြား စစ်ခွေးအသုံးဆောင်ပစ္စည်းအများအပြားအား ဆယ်ယူသိမ်းဆည်း ရရှိခဲ့ကြောင်း ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၈ ရက်နေ့တွင် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီ စစ်ရေယာဉ်အုပ်စု စစ်သင်္ဘော ၁ စီး၊ ကွန်မန်ဒိုစပိဘုတ် ၂ စီး၊ ဖလတ်များနှင့် အမြန်ယာဉ်များ စုစုပေါင်း(၁၃)စီးအား နေ့လည် (၁)နာရီခန့်တွင် ဗိုလ်နုတ်ခမ်းမွှေးနှင့်ရဲဘော်များအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့်အကြာ အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
![](https://yktnews.com/wp-content/uploads/2022/07/1-267-1024x768.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/2-149-1024x768.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/3-125-768x1024.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/4-109-819x1024.jpeg)