By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကာတာ-ဆက်သွယ်ရေးကုမ္ပဏီ Ooredoo ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ရှယ်ယာတွေကို ရောင်းချရေး ဆွေးနွေးနေပြီ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
– ပြည်တွင်းငွေလဲစျေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်စျေးကွက် ပျက်စီးသွားပြီး ကြိုက်ရောင်း/ကြိုက်ဝယ် စျေးကွက်ဖြစ်ပေါ်နေတဲ့အပြင် စစ်ကောင်စီတပ်ကလည်း ဒေါ်လာ အရောင်း အဝယ်တွေကို ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။
– ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်က တိုက်လေယာဉ် Yak 130 ၂ စီး ဗုံးဖောက်ခွဲမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေတပ်ဗိုလ်ကြီး တင်အောင်ခိုင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် ချလိုက်တဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။