ရန်ကုန်၊ ဇူလိုင် ၂၀
ရန်ကုန်၊ သီလဝါစက်မှုဇုန်ရှိ Suzuki (Myanmar) Motor Co.,Ltd. နှင့် Suzuki Thilawa Motor Co.,Ltd. တို့၏ကား ထုတ်လုပ်မှု လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားကြောင်း ကုမ္ပဏီက ယနေ့ ညနေပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာသည်။
သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်နေသဖြင့် Suzuki (Myanmar) Motor Co.,Ltd. နှင့် Suzuki Thilawa Motor Co.,Ltd. တို့၏ ထုတ်လုပ်မှု လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရကြောင်း၊ အရောင်းပြခန်းများတွင် Customer များက စာရင်းသွင်းမှာယူထားသည့် ကားများကို လွှဲအပ်ရန်မှာ ကြန့်ကြာနေရကြောင်း၊ ကားအပ်နိုင်မည့် အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်း မရှိသည့်အတွက်လည်း Suzuki အနေဖြင့် အနူးအညွှတ်တောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။
စစ်တပ်က သိမ်းယူမှုကြောင့် နိုင်ငံခြားငွေ ပြတ်လပ်မှုနှင့် အစိတ်အပိုင်းများ တင်သွင်းရန် အခက်အခဲ ဖြစ်စေခဲ့ပြီး စစ်တပ်ကလည်း ဒေါ်လာအသုံးပြုမှုများကို ထိန်းချုပ်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံတွင် Suzuki ကားစီးရေ ၁၃၀၀၀ စီးရေ ရောင်းချခဲ့ရပြီး စျေးကွက်၏ ၆၀ ရာခိုင်နှုန်း လွှမ်းမိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ Suzuki ကားထုတ်လုပ်ရေး လုပ်ငန်းခွင်။
Photo- ဂျပန် Asia Nikkei သတင်းဌာန။